Homeသတင်းထိုင်းနိုင်ငံတွင် ပြည်ပရွှေ့ပြောင်းလုပ်သားများ လုံးဝ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် ၁၀ မျိုးကို သတိပေးထုတ်ပြန်

ထိုင်းနိုင်ငံတွင် ပြည်ပရွှေ့ပြောင်းလုပ်သားများ လုံးဝ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် ၁၀ မျိုးကို သတိပေးထုတ်ပြန်

-

ထိုင်းနိုင်ငံတွင် ပြည်ပရွှေ့ပြောင်းလုပ်သားများ လုံးဝ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်အကိုင် ၁၀ မျိုးကို ထိုင်းအစိုးရက သတိပေးထုတ်ပြန်ထားပြီး စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Nation Thailand မှ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး နိုင်ငံကူးလက်မှတ် (Passport) နှင့် အလုပ်သမားပါမစ် (Work Permit) ရှိထားရုံဖြင့် မိမိကြိုက်နှစ်သက်သည့် မည်သည့်အလုပ်အကိုင်မျိုးမဆို ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း ထိုင်းအစိုးရမှ ထုတ်ပြန်သည်။

တားမြစ်ထားသည့် အလုပ်အကိုင် ၁၀ မျိုးတွင် လမ်းဘေးလှည့်လည်ဈေးရောင်းခြင်း သို့မဟုတ် ထီလက်မှတ် ရောင်းချခြင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲစားလုပ်ငန်းမှလွဲ၍ ပွဲစား သို့မဟုတ် အကျိုးဆောင်လုပ်ငန်း ၊ အလှအပရေးရာ ဝန်ဆောင်မှုပေးခြင်းနှင့် ထိုင်းရိုးရာအနှိပ်နှင့် စပါ (Spa) ဝန်ဆောင်မှုများပါဝင်သည်။

၎င်းအပြင် မော်တော်ယာဉ် မောင်းနှင်ခြင်း (တက္ကစီ၊အငှားလိုင်းကား၊ သုံးဘီး၊ ဘတ်စ်ကား)၊ ဧည့်လမ်းညွှန် (Tour Guide) လုပ်ငန်း၊ ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း၊ လက်ရက်ကန်းလုပ်ငန်း၊ ရိုးရာလက်မှုပညာလုပ်ငန်းနှင့် လုံခြုံရေးဝန်ဆောင်‌မှု လုပ်ငန်းတို့သည် ပြည်ပရွှေ့ပြောင်းအလုပ်သားများ လုပ်ကိုင်ခွင့်မရှိကြောင်း ထုတ်ပြန်သည်။

ပြည်ပရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့် အလုပ်သမားပါမစ်ရှိပါက မည်သည့်အလုပ်မဆို လုပ်ကိုင်နိုင်သည်ဟု မှားယွင်းစွာ ယူဆနေကြဆဲ ဖြစ်သည်။

တားမြစ်ထားသော အလုပ်အကိုင်များကို လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို စစ်ဆေးတွေ့ရှိပါက သက်ညှာမှုမရှိဘဲ ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

ပြည်ပရွှေ့ပြောင်းလုပ်သားများအနေဖြင့် တားမြစ်ထားသော အလုပ်အကိုင်များကို လုပ်ကိုင်ပါက ဒဏ်ငွေအပြင် နေရပ်သို့ ပြန်လည်နှင်ထုတ်ခံရမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် ပြန်လည်လျှောက်ထားခွင့်၂ နှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံရောက် ပြည်ပရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၎င်းတို့၏ အလုပ်သမားပါမစ် (Work Permit) ပါ အချက်အလက်များကို သေချာစွာ စစ်ဆေးပြီး ဥပဒေနှင့်မကင်းလွတ်သည့် တားမြစ်အလုပ်များကို လုံးဝလုပ်ကိုင်ခြင်းမပြုရန် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူများက တိုက်တွန်းထားသည်။

ကိုးကား-The Nation Thai

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts