Thursday, May 14, 2026
More
    spot_img
    Homeသတင်းထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းလူနာများကို ကူညီရန် ထိုင်းအစိုးရမှ ကျန်းမာရေးရန်ပုံငွေတစ်ရပ် ထူထောင်

    ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းလူနာများကို ကူညီရန် ထိုင်းအစိုးရမှ ကျန်းမာရေးရန်ပုံငွေတစ်ရပ် ထူထောင်

    -

    ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ဘေးရှောင်ဒုက္ခသည်လူနာများ၏ ဆေးကုသမှုကို အထောက်အပံ့ပေးနိုင်ရေး “နယ်စပ်ပြည်သူ့ကျန်းမာရေးရန်ပုံငွေ” တစ်ရပ် တည်ထောင်ရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက  စီစဉ်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

    ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဖတ်ထနာ ဖရုမ်းဖတ်မှ ဦးဆောင်၍ မေလ ၁၁ ရက်နေ့၌ ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှာက် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို သုံးသပ်ဆွေးနွေးခဲ့သည်။

    အစည်းအဝေးမှ စစ်ဘေးရှောင်ဒုက္ခသည် ရွှေ့ပြောင်းလူနာများ၏ ဆေးကုသစရိတ်များကို သီးခြားစီ သတ်မှတ်သွားမည်ဟု သဘောတူချက်ရရှိခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဘတ် သန်း ၅၀ တန်ဖိုးရှိ ကူညီထောက်ပံ့ရေး ဘတ်ဂျက်တစ်ရပ် စတင်ရန် စီစဉ်နေသလို၊ ကျန်းမာရေးအာမခံမရှိသေးသည့် လူနာများအတွက် နိုင်ငံတကာအကူအညီအထောက်အပံ့များမှတဆင့် “နယ်စပ်ပြည်သူ့ကျန်းမာရေးရန်ပုံငွေ” တစ်ရပ်ကို ထူထောင်သွားမည်ဟု ဆိုသည်။

    ထို့အပြင် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက နယ်စပ်ဒေသအတွင်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ ကျန်းမာရေးဝန်ထမ်းတွေကို ဒေသအခြေအနေနှင့် လုပ်ငန်းပမာဏအလိုက် စနစ်တကျ စီမံခန့်ခွဲရန်၊ နယ်စပ်ဆေးရုံများအတွက် ဘတ်ဂျက်သုံးစွဲမှုကိုလည်း ပိုမိုသင့်တော်အောင် လုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေသည်။

    နယ်စပ်ဖြတ်ကျော်ပြီး ဆေးလာကုသည့် လူနာများကို စနစ်တကျ ဆေးကုသပေးနိုင်ရန်ရေး ဒေသန္တရအဖွဲ့အစည်းတွေနှင့် ဥပဒေရေးရာဌာနများ ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

    ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ချာန်ဝီရကူးလ်ကလည်း နယ်စပ်ဆေးရုံများတွင် ကြုံတွေ့နေရသည့် အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ရေရှည်တည်တံ့မည့် ဖွဲ့စည်းပုံဆိုင်ရာ ဖြေရှင်းချက်များကို သက်ဆိုင်ရာ အမြန်ဆုံးလုပ်ဆောင်ရန် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ညွှန်ကြားထားကြောင်းလည်း သိရသည်။ 

     ကိုးကား -Khaosod English

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks