Monday, May 11, 2026
More
    spot_img
    Homeသတင်းထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

    ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

    -

    ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ယနေ့ (၂၀၂၆ ခုနှစ် မေလ ၁၁ ရက်) နံနက် ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ရှိ ခလောင်ပရမ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

    သက်ဆင်သည် ချမှတ်ခံထားရသည့် ထောင်ဒဏ် ၁ နှစ်အနက် သုံးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လျှော့ပေါ့ခံစားခွင့် ရရှိခဲ့ပြီးနောက်၊ ၈ လကြာ ထောင်ဒဏ်ကျခံပြီး မေလ ၁၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

    ခလွန်ပရမ်အကျဉ်းထောင်မှ ထွက်ခွာလာစဉ် အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များနှင့် ၎င်းကို ထောက်ခံအားပေးသည့် ရှပ်နီလှုပ်ရှားမှု အင်အားစုဝင်များ ရာနှင့်ချီ၍ စုဝေးကြိုဆိုခဲ့ကြသည်။

    သို့သော် အသက် ၇၆ နှစ်အရွယ် သက်ဆင်သည် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်ကာလ ၄ လအတွင်း ၎င်း၏တည်နေရာကို စောင့်ကြည့်နိုင်သည့် အီလက်ထရောနစ်ခြေရာခံကိရိယာ (Electronic Monitoring – EM) ကို ဆက်လက် ဝတ်ဆင်ထားရမည်ဖြစ်ကြောင်း သိရသည်။

    သက်ဆင် ရှင်နာဝပ်သည် ထိုင်းနိုင်ငံရေးလောကတွင် သြဇာအကြီးမားဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး၊ ၎င်းဦးဆောင်ခဲ့သည့် ဖြူထိုင်းပါတီသည် လက်ရှိတွင် ဝန်ကြီးချုပ် အနူတင် ချန်ဝီရာကူ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်လျက်ရှိကြောင်း သိရသည်။

    ကိုးကား-Khaosod English

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks