Wednesday, May 6, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း ဂျဲန်ဒါတန်းတူညီမျှမှုဆိုင်ရာ မူဝါဒတစ်ခု ပေါ်ပေါက်ရန် မွန်အမျိုးသမီးများအဖွဲ့ CMWO မှ ကြိုးပမ်းနေ

    မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း ဂျဲန်ဒါတန်းတူညီမျှမှုဆိုင်ရာ မူဝါဒတစ်ခု ပေါ်ပေါက်ရန် မွန်အမျိုးသမီးများအဖွဲ့ CMWO မှ ကြိုးပမ်းနေ

    -

    မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ Central Mon Women Organization-CMWO မှ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေတွင် ဂျဲန်ဒါတန်းတူညီမျှဆိုင်ရာမူဝါဒတစ်ခု ပေါ်ပေါက်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း CMWO တာဝန်ရှိသူများထံမှ သိရသည်။

    ယခုမေလအတွင်း CMWO မှ မွန်ပြည်သစ်ပါတီ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ကော်မတီဖွဲ့စည်းခြင်း၊ Gender Based Violence awarness လုပ်ဆောင်ခြင်း၊ ယခင်ဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့များ ကျစ်လစ်လာစေရန် စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    ဂျဲန်ဒါတန်းတူညီမျှဆိုင်ရာမူဝါဒ၏ အကြောင်းအရာအကြမ်းဖျင်းကို မွန်ပြည်သစ်ပါတီအဖွဲ့အစည်းများကြား စတင်မိတ်ဆက်နေပြီးဖြစ်သော်လည်း  ကော်မတီပေါ်ပေါက်ပြီးနောက် ရှေးလုပ်ငန်းစဉ်များနှင့်အတူ ဒေသခံပြည်သူလူထုများရှေ့သို့ တရားဝင်ချပြသွားမည်ဟု CMWO မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက IMNA သို့ ပြောကြားသည်။

    “ ကော်မတီဖွဲ့ပြီး လုပ်ငန်းစဉ်ရေးဆွဲကြမှာ။ ဘယ်နေ့ ဘယ်မြို့နယ်သွားမလဲ၊ ဘယ်လိုပြောပြမှ ပြည်သူတွေနားလည်မလဲဆိုတာ ကျမတို့စဉ်းစားနေတုန်းပါ။ အမျိုးသမီး၊ လူငယ်၊ အမျိုးသား၊ ကျေးရွာတာဝန်ခံတွေရော မွန်ပြည်သစ်မှာ တာဝန်ယူနေတဲ့သူတွေတိုင်း အကုန် သိထားသင့်တယ် ပေါ်လစီက အတည်ပြုပြီးကြောင်း မွန်ပြည်သစ်အနေနဲ့လည်း ဒီပေါ်လစီကို အသုံးပြုသွားဖို့တွေ အမျိုးသမီးအခွင့်အရေး ဘယ်လိုရှိလဲ ဆိုတာပေါ့” ဟုပြောသည်။

    ဂျဲန်ဒါတန်းတူညီမျှဆိုင်ရာမူဝါဒကို CMWO မှ ဦးဆောင်၍ ပြီးခဲ့သည့်၂၀၂၃ ခုနှစ်က စတင်ရေးဆွဲခဲ့ကြပြီး၊ ၂၀၂၅ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့မှ အတည်ပြုခဲ့ကြကြောင်း သိရသည်။

    ကျား၊ မ အားလုံးတန်းတူပါဝင်နိုင်သည့် အခွင့်အရေးအပေါ် အခြေခံရေးဆွဲထားသည့် မူဝါဒဖြစ်သဖြင့် မွန်ပြည်သစ်ပါတီ၏ ကဏ္ဍတိုင်းတွင် အမျိုးသမီးများ ပါဝင်မှု ရာခိုင်နှုန်းတိုးလာမည်ဟုလည်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

    “အရေးကြီးတယ် မူဝါဒရှိမှ ဥပဒေရှိမယ်။ မူဝါဒရှိမှ အမျိုးသမီးတွေပါလာမယ်။ အမှုတစ်ခုစီရင်ရင်လည်း မူဝါဒရှိမှ အမျိုးသမီးတွေအထိမနာမှာ အဲ့တာကြောင့် ထည့်ရမယ်။ ဂျန်ဒါက အားလုံးပါတယ်ပေါ့နော် ဘယ်နေရာမှာ အမျိုးသမီးတွေ ဘယ်လောက်ပါရမလဲ။ အင်အားကြီးတဲ့သူ အခွင့်အရေးများများရသွားစေမယ့်သဘောမဟုတ်ဘဲ အားလုံးတန်းတူဖြစ်သွားဖို့ပါ ” ဟု ပြောသည်။

    တရားဝင်အတည်ပြုမိတ်ဆက်ခြင်း ပြီးမြောက်ပါက မူဝါဒအား မွန်ပြည်သစ်ပါတီ သထုံခရိုင်၊ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင် စသည့် ခရိုင် ၃ ခုလုံးတွင် စတင်ကျင့်သုံးသွားမည်ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ CMWO သည် အမျိုးသမီးအရေးနှင့်ပတ်သက်သည့်ကိစ္စများ၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုစွမ်းရည်မြှင့်တင်ရန်၊ ဆုံးဖြတ်ချက်နှင့် ခေါင်းဆောင်မှုအပိုင်းတွင် အမျိုးသမီးများပါဝင်နိုင်ရန် ရည်ရွယ်၍ မွန်ဒေသအတွင်းရှိ အမျိုးသမီးများကြား ထဲထဲဝင်ဝင်ဆောင်ရွက်လျက်ရှိသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ ခရိုင်အဆင့် အမြင်ဖလှယ်ဆွေးနွေးပွဲ (Woman exchange) တစ်ခုကို ပြုလုပ်ခဲ့ပြီးနောက် အမျိုးသမီးအရေးဆိုင်ရာကိစ္စများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

    ပုံ-CMWO

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks