Tuesday, April 28, 2026
More
    spot_img
    Homeသတင်းပညာရေးအခက်အခဲရှိသော မွန်အမျိုးသားကောလိပ်ကျောင်းသားများအတွက် ပညာသင်ဆုထောက်ပံ့ရေးအစီစဉ်တွင်ပါဝင်ရန် မွန်မိတ်သဟာယအသင်း(စဟိုင်းမွန်) မှ တိုက်တွန်း

    ပညာရေးအခက်အခဲရှိသော မွန်အမျိုးသားကောလိပ်ကျောင်းသားများအတွက် ပညာသင်ဆုထောက်ပံ့ရေးအစီစဉ်တွင်ပါဝင်ရန် မွန်မိတ်သဟာယအသင်း(စဟိုင်းမွန်) မှ တိုက်တွန်း

    -

    စင်ကာပူရောက်မွန်လူမျိုးများ၏ အင်အားဖြင့် ပညာရေးအခက်အခဲရှိသော မွန်အမျိုးသားကောလိပ် ကျောင်းသားများအတွက် မွန်မိတ်သဟာယအသင်း(စဟိုင်းမွန်)မှ ပညာသင်ဆု ထောက်ပံ့ရေးအစီအစဉ် စတင်ဆောင်ရွက်ပေးနေပြီးဖြစ်ကြောင်း သိရသည်။

    ပညာသင်ဆုကို မွန်လူမျိုးများ၏ စုပေါင်းအင်အားဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်သဖြင့် ပညာသင်ဆုထောက်ပံ့ကြေးအစီအစဉ်တွင် မိဘပြည်သူများ ပါဝင်ရန်လည်း စဟိုင်းမွန်မှ တိုက်တွန်းသည်။

    အလှူရှင်များအနေဖြင့် တစ်ဦးချင်းထောက်ပံ့ခြင်း၊ စုပေါင်းထောက်ပံ့ခြင်းနှင့် လစဉ်ထောက်ပံ့ခြင်းအစီအစဥ်များတွင် ပါဝင်နိုင်ကြောင်းလည်း သိရသည်။

    ပညာသင်ဆုထောက်ပံ့ပေးအပ်ရာတွင်လည်း ပညာရေးအခက်အခဲရှိသော မွန်ကျောင်းသား၊ ကျောင်းသူများနှင့် မွန်အမျိုးသားကောလိပ်တွင် မွန်ဘာသာစာပေးကို အထူးပြုလေ့လာနေသော ကျောင်းသား၊သူများကို ဦးစားပေးကူညီသွားမည်ဖြစ်သည်။

    သို့သော် စာသင်နှစ်တစ်နှစ်လျှင် ကျောင်းသား၊ ကျောင်းသူဦးရေ မည်မျှထောက်ပံ့သွားမည်ကို အဖွဲ့တွေ့ဆုံဆွေးနွေးရေးမလုပ်ဆောင်ရသေးသဖြင့် မသိရှိရသေးကြောင်းလည်း တာဝန်ရှိသူ နိုင်လောကမွန်က IMNA သို့ပြောသည်။

    မွန်အမျိုးသားကောလိပ် ကျောင်းသားတစ်ဦး၏ တစ်နှစ်စာ ကျောင်းစရိတ်အပါအဝင် ပညာသင်စရိတ်စုစုပေါင်း ကုန်ကျငွေသည် ကျပ် သိန်း ၃၀ အထက်တွင် ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှစ၍ ကျောင်းစရိတ်အခက်အခဲရှိသည့် ကျောင်းသားကျောင်းသူများအား မွန်အမျိုးသားပညာရေးဌာနက (MNEC Scholarship) အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးဆောင်ခဲ့သေးသည်။

    ပညာသင်စရိတ် ခက်ခဲသည့်ကျောင်းသားအားလုံးကို မပေးဆောင်နိုင်ခြင်းကြောင့် ကျောင်းသားအများစု ကျောင်းစရိတ်အခက်အခဲရှိခဲ့ကြောင်း မွန်အမျိုးသားကောလိပ် ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

    "သူတို့(မွန်အမျိုးသားပညာရေးဌာန)မှာတော့ ပိုက်ဆံနည်းတယ်လေ သူတို့နိုင်သလောက်ပဲ ယူတယ်၊ တကယ့်နွမ်းပါးတဲ့သူတွေမှပဲပေးတယ်၊ ပြီးရင် ကောလိပ်က ကျောင်းသားအများစုက မွန်အမျိုးသားကျောင်းကနေလာတယ်၊ နွမ်းပါးတဲ့လူတွေများတယ်"ဟု ပြောသည်။

    ထို့ကြောင့် ပညာရေးစိတ်ပါဝင်စားသူမွန်လူငယ်များ အထောက်အပံ့ဖြစ်စေရေး၊ မွန်လူမျိုးတတ်သိပညာရှင်များ များပြားလာစေရန်အတွက် စင်ကာပူနိုင်ငံရောက် မွန်ညီအစ်ကိုမောင်နှမများအားလုံး အမျိုးသားရေးစိတ်ဓါတ်ဖြင့် ဝိုင်းဝန်ကူညီရန်လည်း မွန်မိတ်သဟာယအသင်း(စဟိုင်းမွန်)မှ တိုက်တွန်းထုတ်ပြန်ထားသည်။

    မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ညီဆားစခန်းတွင် ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကောလိပ်သည် မွန်အမျိုးသားပညာရေး ကော်မတီ (MNEC) အောက်တွင်ရှိပြီး တွဲဖက်ဒီဂရီ အစီအစဉ်တွင် အဓိက ဘာသာရပ် ၇ ခုဖြင့် သင်ကြားပို့ချ ပေးလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks