Thursday, April 23, 2026
More
    spot_img
    Homeသတင်းတိမ်းရှောင်နေရသည့် ဘီးလင်းဒေသခံ ၁၃၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

    တိမ်းရှောင်နေရသည့် ဘီးလင်းဒေသခံ ၁၃၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။  

    ဘီးလင်းမြို့နယ် လေကေ၊ ဝင်းတာပန်ဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

    စစ်ကော်မရှင်တပ် လေယာဉ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာအုပ်စု၊ မင်းစောကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    “ဘီးလင်းမြို့နယ်၊ လေကေ၊ ဝင်းတာပန်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆာင်နေတဲ့တွက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ စစ်ရှောင်တွေလည်း ရှိနေပါတယ်။ စစ်ရှောင်တွေက ဘေးလွတ်ရာ နေရာအသီးသီး ရှောင်နေတာကြရတယ်” ဟု သထုံခရိုင်အတွင်းက စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

    စစ်ကော်မရှၚ်တပ်က ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများ နေထိုင်သည့် ကျေးရွာနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ လေယာဉ်ဖြင့် အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီများ လိုအပ်နေသည်ဟုလည်း ဆိုသည်။

    လေယာဉ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု ကျိုက်ထီးရိုးလေးစေတီတော် မုခ်ဝဇရပ်တွင် ခေတ္တအနားယူနေသော ခရီးသွားပြည်သူ ၅ ဦး ထိဒဏ်ရာရရှိခဲ့သည်။


    ၎င်းပြင် ဘီးလင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာနေ အသက် ၂၆ အရွယ် နော်အင်ကြင်းခိုင်နှင့် အသက် ၁၈ နှစ်အရွယ် နော်မုနော်ဘိတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကား ၃ စီး၊ စက်သုံးဆီအရောင်ဆိုင်နှင့် ပြည်သူပိုင် နေအိမ် အများအပြား မီးလောင်ပျက်စီးမှုရှိသည့်အပြင် ရော်ဘာခြံနှင့် သီးနှံစိုက်ပျိုးရေးခြံများလည်း မီးလောင်ပျက်စီးမှု ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။  

    ဓာတ်ပုံ-လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks