Friday, April 10, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ အနည်းငယ်ကျဆင်း

    မော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ အနည်းငယ်ကျဆင်း

    -

    ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးပြန်ဖွင့်ပြီးနောက်  မော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ  အနည်းငယ်ကျဆင်းသွားကြောင်း ယာဉ်မောင်းနှင့် ခရီးသွားလာသူများက ပြောသည်။

    ဧပြီလ ၂ ရက်နေ့က သုံးနှစ်နီးပါးပိတ်ထားသည့် အဆိုပါလမ်းမကြီးကို စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် သွားလာရေး ယခင်ကထက် ပိုမိုလွယ်ကူလာသော်လည်း စက်သုံးဆီဈေးနှုန်းကြောင့် ယာဉ်စီးခများ သိသိသာမဟုတ်သော်လည်း ဈေးနှုန်းအနည်းငယ် ကျဆင်းလာသည်။

    မြဝတီ-ဘားအံ၊ မြဝတီ-မော်လမြိုင် ယာဉ်စီးခသည် ယခင်က ခရီးသည်တစ်ဦး ၁သိန်းကျော် ကောက်ခံနေရာမှ  ကျပ် ၁ သိန်းဝန်းကျင်သာ ကျသင့်သည်ဟု ခရီးသွားလာသူ တစ္ဦးက ဆိုသည်။

    ပုံ-Nay Naw(facebook)

    “လမ်းမှာလည်း အစစ်အဆေးတွေ သိပ်မရှိဘူး။ ၃ ဂိတ်လောက်ပဲရှိတာ၊ အဲ့ဂိတ်တွေမှာလည်း ယာဉ် မောင်းသူတို့ ယာဉ်လိုက်ပါစီးနင်းသူတွေပဲ မေးတယ်။ ခုလက်ရှိတော့ အခွန်လည်း မကောက်သေးဘူး။ အဲ့လိုဆိုတော့ သွားလာလို့ အဆင်ပြေတယ်ပေါ့လေ”ဟု ၎င်းက ပြောသည်။

    ခရီသွားဝန်ဆောင်မှု ပေးဆောင်နေသူများအနေဖြင့် မော်တော်ယာဉ်စီးခများ ယခုထက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ သက်မှတ်ကောက်ရန်လည်း လိုလားနေေကြောင်းလည်း ဆိုသည်။

    မြဝတီ-ကော့ကရိတ် အာရှလမ်းပိတ်ထားစဉ် ခရီးသွားလာသူများ မြဝတီမြို့၏ မြောက်ဘက်လမ်းပိုင်းများဖြစ်သော ထို့ကော့ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်း အစရှိသည့် ဒေါနတောင်တက်လမ်းများတွင် ဖြတ်သန်းသွားလာရသည်။

    အဆိုပါလမ်းပိုင်းအတွင်း ယာဉ်ငယ်များ၊ အိမ်စီးယာဉ်များ သွားလာခွင့်ပြုထားသော်လည်း ကန့်သတ် ထားသည့် ထိုင်းကုန်စည်များကို စစ်ကော်မရှင်က တားမြစ်ထားသည်ဟု ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

    “အစကတည်းက ကုန်စည်တွေတင်ဖို့ခွင့်မပြုတဲ့အကြာင်း သူတို့ပြောထားတယ်လေ၊ အဲ့ကြောင့် ကားပြေးဆွဲနေတဲ့သူတွေကလည်း ဘယ်သူမှ ပစ္စည်းတွေ မတင်ရဲကြဘူး။ ထိုင်းပစ္စည်းနည်းနည်းပါ သွားရင်လည်း သူတို့ မဆင်းရဲကြတော့ဘူး။ အဲ့လိုဖြစ်နေတာ”ဟု ပြောသည်။

    နယ်စပ်ကုန်သွယ်မှု မစနိုင်သေးသော်လည်း လမ်းပြန်ဖွင့်လိုက်သည့်အတွက် ပြည်နယ်တွင်း တစ်နိုင်တစ်ပိုင် ကုန်သွယ်ရေးများ ပြန်စနိုင်တော့မည်ဟု မျှော်လင့်နေကြသည်။

    ၎င်းကုန်သွယ်ရေးဇုန်ကို ပိတ်ထားသည့်အချိန်မှစပြီး ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားရပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးများကို အဆင်ပြေသည့်လမ်းပိုင်းမှ တင်သွင်းခဲ့ရသည်။

    မြဝတီ-ကော့ကရိတ် လမ်းပိုင်း၌ လက်ရှိတွင် စစ်ဆေးရေးဂိတ် ၃ ခုရှိပြီး ယာဉ်မောင်းများ၏ မှတ်ပုံတင်နှင့် အချက်အလက်များကို အဓိက စစ်ဆေးနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks