Thursday, April 9, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာ သတင်းလက်ဘနွန်တွင် အစ္စရေးတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား အီရန်ပြန်ပိတ်

    လက်ဘနွန်တွင် အစ္စရေးတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား အီရန်ပြန်ပိတ်

    -

    အစ္စရေးဘက်မှ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟဇ်ဘိုလာ (Hezbollah) တပ်ဖွဲ့များကို ဆက်လက် တိုက်တိုက်ခိုက်နေမှုများကြောင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဧပြီ ၈ ရက်နေ့ ညနေပိုင်းတွင် တကျော့ပြန် ပိတ်ဆို့လိုက်ပြီး၊ နှစ်ပတ်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မတည်မငြိမ်ဖြစ်လာနေကြောင်း သိရသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်အစိုးရတို့ နှစ်ပတ်ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြေညာခဲ့ပြီး ၂၄ နာရီမပြည့်မီမှာပင် အစ္စရေးက လက်ဘနွန်မြို့တော်ဖြစ်သည့် ဘေရွတ် (Beirut)မြို့ အပါအဝင် နေရာအနှံ့ကို ဒရုန်းနှင့် ဒုံးကျဥ်များဖြင့် တိုက်ခိုက်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုကြောင့် လက်ဖနွန်နိုင်ငံသား အနည်းဆုံး လူ ၂၅၄ ဦးအထိ သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန် စစ်ဌာနချုပ် (CENTCOM) ကပဲ အစ္စရေးကို စိတ်ကြိုက် တိုက်ခိုက်ဖို့ ခွင့်ပြုထားတာ ဖြစ်နိုင်ကြောင်း အီရန်ဘက်မှ ရှု့မြင်နေသည်ဟု သတင်းဌာနများတွင် ဖော်ပြထားသည်။

    အီရန်အနေဖြင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်သည် လက်ဘနွန်အပါအဝင် တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရမည်ဖြစ်ကြောင်းဆိုထားပြီး၊ အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်ခြင်းသည် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

    ထို့ကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာဂ်ချီ (Abbas Araghchi) က “အမေရိကန်အနေဖြင့် အပစ်ခတ်ရပ်စဲကို ရွေးချယ်မည်လား၊ အစ္စရေးမှတဆင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားစေမည်လား ဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်ပြီး နှစ်ခုလုံးကို တစ်ပြိုင်နက် ရွေး၍မရနိုင်” ဟု ၎င်း လူမှုကွန်ယက်စာမျက်နှာတွင်တွင် ရေးသားခဲ့သည်။

    ထို့အပြင် လက်ဘနွန်နိုင်ငံအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲမှသာ အီရန်ဘက်မှ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်မည့်ကိစ္စကို စဉ်းစားသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း စတင်နိုင်မည်ဖြစ်သည်။

    သို့သော် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟူး (Benjamin Netanyahu) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့က လက်ဘနွန်သည် သဘောတူညီချက်တွင် မပါဝင်ကြောင်း ငြင်းဆိုထားသည်။

    ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်အထိ အရေးပါသည့် ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ထပ်မံပိတ်ပင်ခြင်းသည် ကမ္ဘာ့နိုင်ငံစီးပွားရေးအပေါ် ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

    ကိုးကား-ABC News, AI Zazeera

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks