Homeသတင်းရေးမြို့နယ်တွင် လျှပ်စစ် မီတာခ တစ်ယူနစ် ၃၈၀၀ အထိ ဈေးတက်

ရေးမြို့နယ်တွင် လျှပ်စစ် မီတာခ တစ်ယူနစ် ၃၈၀၀ အထိ ဈေးတက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီတို့က စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲကြောင့် လျှပ်စစ်မီတာခ တစ်ယူနစ် ၃၈၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံ သိရသည်။

လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က စက်သုံးဆီဝယ်ယူရရှိမှု အခြေအနေပေါ်မူတည်၍ မတ်လအတွင်း သုံးစွဲထားသည့် မီတာခကို ဧပြီလတွင် တစ်ယူနစ် ၃၈၀၀ ကျပ် ပြောင်းလဲကောက်ခံမည်ဟု မီးလင်းရေးကော်မတီတို့က ကြေညာထားသည်။

၎င်းပြင် စက်သုံးဆီ ဝယ်ယူရရှိမှုအပေါ် မူတည်ပြီး မီတာခ ဈေးအပြောင်းအလဲ လုပ်သွားမည်ဟုလည်း ရေးမြောက်ပိုင်းတွင် လျှပ်စစ်ဖြန့်ပေးနေသည့် SMD ကုမ္ပဏီက ကြေညာထားသည်။

“မီးပေးတဲ့အချိန်လည်း လျှော့ချထားတယ်။ အချိန်ပိုင်းပဲ ပေးတော့တယ် ဒီဆီအခက်အခဲဖြစ်ပြီးတော့ပေါ့လေ။ အခု မီတာခကိုလည်း ၃၈၀၀ ကောက်မယ်ဆိုပြီး ကြေညာထားတယ်။ ရေးမှာ ဒီမီးနဲ့ အလုပ်လုပ်ရတဲ့လူတွေ မီးနဲ့ လည်ပတ်နေတဲ့အလုပ်တွေကတော့ ရပ်နားဖို့ပဲ ရှိတော့မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်စားသောက်နေကြသည့် ရေးမြို့နယ်တွင် ယခုကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကြောင့် သီးနှံစိုက်တောင်သူများ စိုက်ပျိုးထားသည့် ကွမ်းပင်၊ ဒူးရင်းပင်နှင့် အခြားသီးနှံပင်များ ရေမပေးနိုင်သည့်အတွက် ခြောက်သွေ့ပြီး ပျက်စီးဆုံးရှုံးသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

စက်သုံးဆီ အခက်အခဲမဖြစ်ခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ် ၂၀၀၀ ကျော်ရှိနေပြီး ယခု ၃၈၀၀ ကျပ် မြင့်တက်လာသည်။

မဟာဓာတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်တွင် လျှပ်စစ်မီးကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကိုယ်ထူကိုယ်ထဖြင့် ဖြန့်ဖြူးနေရသည့်အတွက် အခြားဒေသများထက် ဈေးအဆမတန်ပေးပြီး လျှပ်စစ်မီး သုံးစွဲနေကြရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုရှိပြီး ရေးမြောက်ပိုင်းဒေသတွင်းက ကျေးရွာများကို SMD ကုမ္ပဏီက ဖြန့်ဖြူးနေပြီး၊ ရေးတောင်ပိုင်းဒေသတွင်းရှိ ရပ်ကွက်ကျေးရွာများကိုတော့ မြတ်သူရထွန်းကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးပေးနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts