Homeသတင်းအီရန်အရေးတွင် အမေရိကန် ထပ်မံမပါဝင်တော့ဘဲ မကြာမီ တပ်ရုပ်သိမ်းမည်ဟု ထရမ့်ဆို

အီရန်အရေးတွင် အမေရိကန် ထပ်မံမပါဝင်တော့ဘဲ မကြာမီ တပ်ရုပ်သိမ်းမည်ဟု ထရမ့်ဆို

-

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အရေးတွင် အမေရိကန်အနေဖြင့် ထပ်မံပါဝင်ပတ်သက်တော့မည်မဟုတ်ကြောင်းနှင့် မကြာမီအချိန်အတွင်း အီရန်နိုင်ငံမှ တပ်ဖွဲ့များအား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် အိမ်ဖြူတော်မှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်တပ်ဖွဲ့များသည် လာမည့် ၂ ပတ်မှ ၃ ပတ်အတွင်း အီရန်နိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သတင်းထောက်များကို အရိပ်အမြွက် ပြောဆိုခဲ့ပြီး၊ မိမိ၏ အဓိက ရည်မှန်းချက်ဖြစ်သည့် “အီရန်တွင် နျူကလီးယားလက်နက် မရှိစေရ” ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အမေရိကန်တပ်ဖွဲ့များအနေဖြင့် အီရန်ရှိ နျူကလီးယားဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးနိုင်ခဲ့သဖြင့် ထိုသို့ အီရန် ထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ အီရန်နှင့် သဘောတူညီချက်များ ရရှိရန် အရေးကြီးသော အချက်မဟုတ်တော့ကြောင်း၊ အီရန်အစိုးရအနေဖြင့် ဆွေးနွေးပွဲများတွင် ပါဝင်လာခြင်း မလာခြင်းသည် အမေရိကန်အတွက် အရေးပါမှုမရှိကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။

သတင်းထောက်များက အမေရိကန်ပြည်တွင်းနှင့်ကမ္ဘော့နိုင်ငံများရှိ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း ထရမ့်က မိမိအနေဖြင့် အီရန်မှ ထွက်ခွာရန်သာ လုပ်ဆောင်မည်ဖြစ်ပြီး၊ ယင်းကိစ္စ အကောင်အထည်ဖော်ပြီးနောက် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ဟု ယုံကြည်ကြောင်း ဖြေကြားခဲ့သည်။

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍လည်း အီရန်အရေးတွင် မပါဝင်ကူညီခဲ့သည့် နိုင်ငံများ ပြင်သစ်အပါအဝင် အခြားနိုင်ငံများအနေဖြင့် ရေနံလိုအပ်ပါက အမေရိကန်အနေဖြင့် မကူညီတော့ဘဲ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သို့ ကိုယ်တိုင် သွားရောက် ဖြေရှင်းရမည်ဖြစ်ကြောင်း ထရမ့်က ပြတ်သားစွာ ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက အီရန်ကို လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ အီရန်အဏာပိုင်များ၏ အဆိုအရ လူပေါင်း ၁,၃၄၀ ဦးကျော် သေဆုံးခဲ့သည်ဟု သိရသည်။

အီရန်အနေနှင့်လည်း အမေရိကန်တပ်များရှိရာ ဂျော်ဒန်၊ အီရတ်၊ ပင်လယ်ကွေ့နိုင်များ စသည်တို့ကို ဒရုန်းများ၊ ဒုံးကျဥ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်သည် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်ကိုလည်း သိရသည်။

ကိုးကား-BBC, TRT World

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts