Thursday, March 19, 2026
More
    spot_img
    Homeသတင်းထိုင်းဝန်ကြီးချုပ်အဖြစ် အနုတင် ချန်ဝီရာကူလ် ပြန်လည်ရွေးချယ်ခံရ

    ထိုင်းဝန်ကြီးချုပ်အဖြစ် အနုတင် ချန်ဝီရာကူလ် ပြန်လည်ရွေးချယ်ခံရ

    -

    ထိုင်းနိုင်ငံလွှတ်တော်မှ ယနေ့ကျင်းပသည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ်ရာထူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဖွမ်ကျိုင်းထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဝီရာကူလ်ကို ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

    မကြာသေးခင်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ယနေ့ လွှတ်တော်ခေါ်ယူရာတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူ ဝန်ကြီးချုပ် အနုတင်ကို ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ဝန်ကြီးချုပ်ရွေးချယ်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ အရ ဖွင့်လှစ်မဲပေးစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

    မဲရလဒ်အရ အနုတင် ချန်ဝီရာကူလ် (Anutin Charnvirakul) သည် မဲ ၂၉၃ မဲ ရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သော ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ်သဖွန် ရွန်ပန်ညာဝတ် (Natthaphong Ruengpanyawut) ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    ထို့ကြောင့် အနုတင်သည် ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူသွားမည်ဖြစ်သည်။

    ယခုနှစ်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အစိုးရအပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး အနုတင် ပြန်လည်ရွေးချယ်ခံရခြင်းသည် ထိုင်းပြည်သူများက နိုင်ငံရေးတည်ငြိမ်ရေးနှင့် စီးပွားရေး ပြန်လည်ပြေလည်စေရေးအတွက် မျှော်လင့်ထားကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားသည်။

    သို့သော် အသစ်ဖွဲ့စည်းမည့် အစိုးရသည် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးမှု၊ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ရေးရာ တင်းမာမှုများကို ဆက်လက်ကိုင်တွယ်ဖြေရှင်းရမည့် စိန်ခေါ်မှုများလည်း ရှိမည်ဖြစ်သည်။

    ကိုးကား – Bangkok Post, AFP

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks