Monday, March 16, 2026
More
    spot_img
    Homeသတင်းခေါဇာမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံးအပြင် ဆိုင်ကယ် ၅ စီးနှင့်တန်ဖိုးကြီးပစ္စည်းများစွာ ပျက်စီးဆုံးရှုံး

    ခေါဇာမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံးအပြင် ဆိုင်ကယ် ၅ စီးနှင့်တန်ဖိုးကြီးပစ္စည်းများစွာ ပျက်စီးဆုံးရှုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် မီးလောင်မှုဖြစ်ပွားရာ နှစ်ထပ်နေအိမ် ၃ လုံးအပြင် ဆိုင်ကယ် ၅ စီးနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ မီးအတွင်းပါသွားကြောင်း ခေါဇာဒေသခံများ၏ ပြောပြချက်အရ သိရသည်။

    ယနေ့ ည ၇ နာရီကျော်မှစ၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းပြီး ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှ ည ၉နာရီ ကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မည်သည့်အကြောင်းကြောင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ကို အတိအကျမသိရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

    မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ဆိုင်ကယ် ၅ စီး၊ ရွှေတုံးရွှေခဲများ မီးအတွင်းပါသွားခဲ့သည်ဟု ခေါဇာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “ မီးက ဘယ်လိုစ‌လောင်လဲတော့မသိဘူး တွေ့တဲ့အချိန်က အများကြီးလောင်နေပြီး လောင်သွားတဲ့အိမ်တွေက အကုန်နှစ်ထပ်အိမ်ကြီးပဲ နေအိမ် ၃ လုံးလောင်သွားတယ်၊ သိသလောက်က ရွှေတွေလဲအများကြီးပါသွားတယ် ဆိုင်ကယ်လဲ ၅ စီး ပါသွားတယ် တစ်အိမ်က ဆိုင် ၂စီး၊ တစ်အိမ်က ၃ စီး လောင်သွားတယ်” ဟု ခေါဇာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါ မီးလောင်မှုကို ဒေသခံများ၏ အင်အားဖြင့်သာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မီးသတ်ယာဉ်အကူအညီများ မရရှိခဲ့ကြောင်းလည်း သိရသည်။

    အလားတူ ယနေ့မနက်ပိုင်းတွင် ကျိုက်ခမီမြို့၊ အောင်သုခရပ်ကွက်၊ မကျီးချောင် ၇ လမ်းတွင် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က ပေါ့ဆမှုကြောင့် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ၅၇ လုံး မီးလောင်ပြာကျကာ လူဦးရေ စုစုပေါင်း ၂၁၃ ဦးတို့ မီးဘေးသင့်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks