spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းသရက်ချောင်းတွင် စစ်တပ်ကြောင့် တစ်ပတ်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

    သရက်ချောင်းတွင် စစ်တပ်ကြောင့် တစ်ပတ်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

    -

    ‎တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လုပ်ရပ်များကြောင့် တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

    သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    တစ်ပတ်အတွင်း  Y-12 အမျိုးအစား လေယာဉ်ဖြင့် ဖြင့် ၂၈ ကြိမ်နှင့် Jet Fighter ဖြင့် ၈ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁၁ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

    ၎င်းပြင် စစ်ကော်မရှင်တပ် ခလရ (၄၀၉) တပ်ရင်းမှ သရက်ချောင်းမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

    စစ်ကော်မရှင်တပ်က သရက်ချောင်းမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ဆက်လက်ကျူးလွန်နေသည့်အတွက် ဒေသခံပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိသည်။

    စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူများ ၅၀၀ ထပ်မနည်းကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်‌နေကြရသည်။

    ဓာတ်ပုံ – စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးမှုအခြေအနေ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks