spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စက်သုံးဆီတန်းစီဝယ်ယူမှုပြန်စလာပြီး ဆိုင်အချို့အရောင်းပိတ်ထား

    မွန်ပြည်နယ်တွင် စက်သုံးဆီတန်းစီဝယ်ယူမှုပြန်စလာပြီး ဆိုင်အချို့အရောင်းပိတ်ထား

    -

    ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီးဟု ထုတ်ပြန်ထားသည့်အပြင် စက်သုံးဆီပြတ်လပ်နိုင်သည့် ကောလဟာလများကြောင့် မွန်ပြည်နယ် မြို့နယ်အများစုရှိ စက်သုံးဆီဆိုင်ရှေ့တွင် တန်းဆီဝယ်ယူမှုပြန်စလာပြီး ဆိုင်အချို့အရောင်းပိတ်ထားကြောင်း မြို့ခံများမှ သိရသည်။

    မော်လမြိုင်မြို့ခံတစ်ဦး၏ပြောပြချက်အရ ယနေ့စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဂါလံ၊ပုံးဖြင့်ဝယ်ယူသူများကို ရောင်းချခြင်းမပြုတော့ဘဲ ကားတစ်စီး ၃၀၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး တန်စီးဝယ်ယူသူများလျှက်ရှိကြောင်း ဆိုသည်။

    ကမ္ဘာ့အရေးဖြစ်သည့်အတွက် စက်သုံးဆီအသုံးပြုသူများ စိုးရိမ်မှုပိုများနေပြီး ယမန်နေ့မတ်လ ၃ ရက်နေ့ကပင် မော်လမြိုင်မြို့အပါအဝင်၊ ပေါင်၊ မုဒုံနှင့် သံဖြူဇရပ်တွင် အလုအယက်ဝယ်ယူသူများကြောင့် ဆိုင်ပိတ်ထားရကြောင်း ဆီဝယ်ယူအသုံးပြုသူများက ဆိုသည်။

    ပုံ-CJ (ယနေ့ မော်လမြိုင်မြို့ပေါ် စက်သုံးဆီဆိုင်ရှေ့မြင်ကွင်း)

    “ကားနဲ့သွားဖြည့်မယ်ဆိုရင် သူတို့ပေးဖြည့်တယ်။ ဒါမဲ့ဂါလံပုံးနဲ့ဝယ်မယ်ဆိုရင် သူတို့မရောင်းပေးတော့ဘူး။ မနေ့က ဂါလံနဲ့ဝယ်လို့ရနေသေးတယ်။ ဒါမဲ့ ဒီနေ့ကမရတော့ဘူး။ တစ်ချို့ဆိုင်တွေကလည်း ပိတ်ထားကြပြီး။ တန်းစီနေတဲ့လူတွေလည်းများတယ် ” ဟု မော်လမြိုင်ဒေသခံတစ်ဦးကဆိုသည်။

    မော်လမြိုင် DENKO စက်သုံးဆီအရောင်းဆိုင်ကြီးများမှ ယနေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၆၆၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၇၃၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၀၅၀ ကျပ်ရှိသော်လည်း ပြင်ပပေါက်ဈေးဖြင့် စိတ်ကြိုက်ရောင်းဝယ်နေခြင်းများလည်း ရှိသည်။

    လက်ရှိ မုဒုံမြို့ရှိ အပါးချမ်းဆီဆိုင်၊ စွမ်းမြန်မာဆီဆိုင်၊ ရာဇာမင်းဆီဆိုင်တွင် အချိန်အကန့်သတ်ဖြင့် ဖွင့်လှစ်ရောင်းချပေးသည့်အပြင် လိုသလောက်ဝယ်ယူ၍မရကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

    “ကျနော်တို့က အရင်ကလိုစက်သုံးဆီတွေ ပြတ်သွားမှာကို စိုးရိမ်ကြတာပါပဲ၊ ဒီလက်ရှိအခြေနေကို ပြန်ကြည့်ရင်လည်း ထိုင်းကနေ နောက်နှစ်ပတ်အထိ မပြေလည်သေးဘူး ဆက်ပိတ်ထားမယ်ဆိုရင် ဆီတွေပြတ်သွားနိုင်တယ်။” ဟုဆိုသည်။

    စက်သုံးဆီခြိုးခြံခြွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မတ်လ ၇ ရက်နေ့မှစ၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်မျာနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ မောင်းနှင်အသုံးပြုရန် စစ်ကော်မရှင် သတင်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

    ကမ္ဘာ့အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ထိုင်းနိုင်ငံက မြန်မာအပါအဝင် ပြည်ပနိုင်ငံများကို စက်သုံးဆီတင်ပို့မှု ဆိုင်းငံ့ကြောင်း ကြေညာပြီးနောက် ယခုကဲ့သို့ ဆီအလုအယက်ဝယ်ယူခြင်းများ ဖြစ်လာပြီး ဆိုင်အချို့ ဆီပြတ်လပ်ခြင်းများ ရှိလာကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks