Sunday, March 29, 2026
More
    spot_img
    Homeသတင်းတောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်က  အကျဉ်းသား တစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြုပြီး အမှုပေါင်းကိုးထောင်ကျော် ပိတ်သိမ်း

    တောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်က  အကျဉ်းသား တစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြုပြီး အမှုပေါင်းကိုးထောင်ကျော် ပိတ်သိမ်း

    -

    ယနေ့ မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်မှ အကျဉ်းထောင်၊ အချုပ်စခန်းအသီးသီးရှိ အကျဉ်းသား၊သူ တစ်သောင်းကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး အမှုပေါင်း ကိုးထောင်ကျော်ကို ပိတ်သိမ်းလိုက်ကြောင်း  စစ်ကော်မရှင်က ထုတ်ပြန်ကြေညာသည်။

    နိုင်ငံအနှံ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးကို ပြစ် လွတ်ငြိမ်းခွင့်ပေးပြီး၊ အမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အခြားအကျဉ်းသား ၂၈၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ကြေညာထားသည်။

    ပုံ-MOI

    လွတ်ငြိမ်းခွင့်ပြုလိုက်သူများသည် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် ယခု ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံမည်ဆိုသည့် ခံဝန်ချက်ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

    ယင်းအပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၀ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

    သို့သော် လက်ရှိအချိန်အထိ မွန်ပြည်အနယ်အကျဉ်းထောင် အချုပ်စခန်းအသီးသီးမှ လွတ်ငြိမ်းခွင့်ပြုသူ အကျဉ်းသား၊သူ စာရင်းများ မသိရှိရသေးပေ။

    ယနေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က)အရ တရားစွဲဆိုထားသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂၄၈၇ ဦး၏ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်း၍ အမှုမှ လွတ်ငြိမ်းခွင့်ပြုကြောင်း၊ အခြားအပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊သူများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာထားသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ၇၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအဖြစ် အကျဉ်းသား ၆၁၃၄ ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks