spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသရက်ချောင်းမြို့နယ်တွင် ဒေသခံ ၇ ဦး စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့ထံ သတ်ဖြတ်ခံရ

    သရက်ချောင်းမြို့နယ်တွင် ဒေသခံ ၇ ဦး စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့ထံ သတ်ဖြတ်ခံရ

    -

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့မှ ဘုရားဖူး ဒေသခံ ၇ ဦးကို ‌ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးရေးသတင်းအရင်းမြစ်များမှ သိရသည်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ဘေးတွဲဆိုင်ကယ်ဖြင့် ဘုရားဖူးမှ ပြန်လာသည့် ‌ဒေသခံ ၇ ဦးသည် သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစခန်းသို့ စစ်ကူလာသည့် ခမရ (၄၀၇) တပ်ရင်းမှ စစ်ကော်မရှင်စစ်ကြောင်းနှင့် ထိပ်တိုက်ဆုံမိစဉ် ထွက်ပြေးသဖြင့် စုံစင်ဖျားကျေးရွာ မီးသတ်ရုံအနီးရှိ ရော်ဘာတောတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

    ဘုရားဖူး ဒေသခံ ၇ ဦးသည် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ပြီး ၎င်းတို့သည် ကျွဲမင်းကုန်ရွာနှင့် ဆီတောရွာသူများဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ရသည်ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    ပုံ-တော်လှန်ရေးသတင်းရင်းမြစ်

    “သူတို့က ဘုရားဖူးကနေ ဆိုင်ကယ်ဘေးတွဲနဲ့ ပြန်လာတာ ဝင်းဝစခန်းကို စစ်ကူသွားမဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့တိုးသွားတာ။ သူတို့က အရပ်သားပဲ စစ်ခွေးတွေကို ကြောက်လို့ ပြေးကြတယ် ရှောင်ကြတာပေါ့။ စစ်ခွေးတွေက ပြန်မိလို့ သေနတ်နဲ့ရက်ရက်စက်စက် သတ်လိုက်တာ ”ဟု သူက ဆိုသည်။

    အဆိုပါ စစ်ကြောင်းသည် အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး ဒေသခံများကို ဦးခေါင်းတစ်ဝိုက် ပစ်ခတ်ထားခဲ့ကြောင့်လည်း IMNA မှ ရရှိထားသည့် ဓါတ်ပုံ အချက်အလက်များအရ သိရသည်။

    သတ်ဖြတ်ခံရသည့် ဒေသခံ ၇ ဦးကို ယမန့်‌နေ့က ကျွဲမင်းကုန်ရွာနှင့်ဆီတောရွာသို့ ပို့ဆောင်ခဲ့ပြီး မတ်လ ၁ ရက်နေ့ နေ့ လည်ပိုင်းတွင် မီးသဂြိုလ်ရန် စီစဉ်နေသည်။

    လက်ရှိ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေ‌သည့်အတွက် တိုက်ပွဲများပြင်ထန်းနေပြီး စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်ကြောင်းထိုးပြီး စစ်အင်အားများ ဖြည့်ဆည်းနေသည့်အပြင် လေကြောင်းနှင့် ရေလမ်းကြောင်းမှလည်း တန်ပြန်တိုက်ခိုက်နေသည်ဟု အထက်ပါ တော်‌လှန်းရေး ရဲဘော်က ဆက်ပြောသည်။

    “ ဝင်းဝစခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေလို့ တိုက်ပွဲတွေလဲပြင်းထန်းနေတယ် အဲ့ကြောင့် စစ်ကော်မရှင်က သူတို့ စစ်အင်းအားတွေ ပြန်ဖြည့်နေတာ လေကြောင်းကိူ လေယာဉ်နဲ့ဆက်တိုက် ဗုံးတွေ ဆက်တိုက်ကြဲချနေတာ လေကြောင်းနဲ့လဲ သူတို့ ပစ်တယ် နေအိမ်တွေလည်း အများကြီးထိခိုက်ထားတာ ရစရာမရှိတော့ဘူး”ဟု ပြောသည်။

    ဝင်းဝစခန်းအနီးရှိ မင်းဒပ်၊ သိမ်ကုန်း၊ ချောင်းဝပြင်၊ သဲချောင်းကြီး၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ရဲငဲ၊ကျွဲမင်းကုန်၊ကနက်သီရိ၊ ဂုံညှင်းဆိပ်ရွာအတွင်းသို့ ယခုဖေဖော်ဝါရီလလအတွင်း စစ်တပ်မှ လေကြောင်းနှင့် ရေလမ်းကြောင်းဖြင့် တိုက်ခိုက်ခံနေပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်နေ့ကလည်း စစ်ကော်မရှင်က စုံစင်ဖျားကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

    စစ်ရေးပြင်းထန်နေချိန် သရက်ချောင်းမြို့နယ်ဒေသခံများ လတ်တလော ခရီးသွာလာခြင်း လုံးဝ မလုပ်ဆောင်ရန်၊ သတင်းအချက်အလက်နှင့် အဆက်အသွယ်မပြတ်ရန်နှင့် စစ်ဘေးရှောင်ရန်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်တွန်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks