Homeသတင်းပလမြို့၊ ဇရပ်ဆိပ်ရွာက ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

ပလမြို့၊ ဇရပ်ဆိပ်ရွာက ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

-

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ‌သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့၊ ဇရပ်ဆိပ်ကျေးရွာနေ အသက် ၄၀ နှစ်အရွယ်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဓနိဖက်ခုတ်ရန် သွားစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်သည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဇနီးမောင်နှံ နှစ်ဦးသည် ပြင်းထန်ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခင်ပွန်းဖြစ်သူက အနီးရွာမှာရှိတဲ့ ဆေးခန်းကို ပို့‌ဆောင်တဲ့ အချိန်မှာ သေဆုံးခဲ့ပြီးတော့ ဇနီးဖြစ်သူက ဆေးခန်းကိုရောက်တဲ့ အချိန်မှာ သေဆုံးခဲ့တာပါ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ပလမြို့ အနီးဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

၎င်းပြင် ပလမြို့ပေါ်နှင့် ကျေးရွာအချို့ရှိ နေအိမ်များကို စစ်ကော်မရှင်တပ်က မီးရှို့မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်းလည်း ဒေသခံများ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts