တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအတွင်းရှိ နေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးထံ သိရသည်။
စစ်ကော်မရှင်တပ် စစ်ကြောင်းသည် လယ်သစ်ကျေးရွာသို့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အရပ်သားပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် လယ်သစ်ကျေးရွာထဲတွင် ဆက်လက် တပ်စွဲထားဆဲဖြစ်သည့်အတွက် ဒေသခံများ နေအိမ် မီးရှို့ခံထားရသည့်အခြေအနေ ပြန်ကြည့်ချင်ကြသော်လည်း ရွာထဲမဝင်ရဲကြပဲဖြစ်နေသည်။
စစ်ကော်မရှင်တပ် စစ်ကြောင်း နေအိမ်မီးရှို့ခဲ့သည့် လယ်သစ်ရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသလို စစ်ရေးနှင့် မသက်ဆိုင်သည့် ကျေးရွာဖြစ်သည်ဟုလည်း ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးထံ ဆိုသည်။

ဓါတ်ပုံ – စစ်တပ် မီးရှို့မှုကြောင်း နေအိမ်များ မီးလောင်ကျွမ်းနေသည့် လယ်သစ်ကျေးရွာကို အဝေးက မြင်ရစဉ်
ပုံခရက်တစ် – ကေအဲန်ယူ


