မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး) NMSP-AD ၏ ရာမညမွန်တပ်တော် (Ramonnya Mon Army-RMA) မှ ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစစ်သင်တန်း အပတ်စဥ် (၆) မှ တပ်သားသစ်တို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
လွတ်မြောက်နယ်မြေတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခြေခံစစ်သင်တန်းကို (၃) လတာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ထူးချွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ ရဲဘော်များအတွက် ဂုဏ်ပြုလွှာဖြင့် ချီးမြှင့်ခဲ့ကြောင်းလည်း RMA က ထုတ်ပြန်ခဲ့သည်။
ယမန်နေ့က ပြုလုပ်သွားသည့် အပတ်စဥ် (၆) သင်တန်းဆင်းပွဲကို NMSP-AD/RMA ဥက္ကဌ နိုင်ဇေယျ၊ ဗိုလ်ချုပ် စလွန်းထော်၊ ဒုဗိုလ်မှုးကြီး နိုင်မာဃ၊ ဒုကျောင်းအုပ် ဗိုလ်ချမ်ထော်တို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော် နည်းဗျူဟာ (၃၃) ဗျူဟာမှုး စောဒါးကိုနှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ရင်းမှုး ဗိုလ်မှုးကြီး နိုင်ဒရာဂွန်တို့လည်း တက်ရောက်ခဲ့ကြသည်။










Photo : RMA-Ramonnya Mon Army


