spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရွှေနှင့် ဒေါ်လာဝယ်ယူစုဆောင်းမှု လျော့နည်းစေရေး ဘဏ်အတွင်းငွေထုတ်ယူမှုကို စစ်ကော်မရှင်ကန့်သတ်

    ရွှေနှင့် ဒေါ်လာဝယ်ယူစုဆောင်းမှု လျော့နည်းစေရေး ဘဏ်အတွင်းငွေထုတ်ယူမှုကို စစ်ကော်မရှင်ကန့်သတ်

    -

    နိုင်ငံရေးနှင့် ကမ္ဘာ့ရွှေဈေးမြင့်တက်နေစဉ် ရွှေနှင့်ဒေါ်လာဝယ်ယူစုဆောင်းသူလျော့နည်းစေရန် ဘဏ်အတွင်း ငွေသားထုတ်ယူမှုကို စစ်ကော်မရှင်က ကန့်သတ်လိုက်သဖြင့် ငွေသားရရှိရန် ထပ်မံ ခက်ခဲလာကြောင်း လုပ်ငန်းရှင်များကပြောသည်။

    ပုဂ္ဂလိကဘဏ်များအတွင်း Special Account အသုံးပြုသူများ တစ်ရက်လျှင် သိန်း ၅၀ ၊ သာမန်ဘဏ်အသုံးပြုသူများ တစ်ရက်လျှင် ၁၀ သိန်းသာ ထုတ်ယူရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

    သို့သော် ဘဏ်နှင့်လုပ်ငန်းရှင်များ ငွေသားလဲလှယ်ပေးသည့်နည်းလမ်းဖြင့် လိုအပ်သည့် ပမာဏအတိုင်း ထုတ်ယူနိုင်သော်လည်း ငွေကျပ် သိန်းတစ်ရာလျှင် ဝန်ဆောင်ခ နှစ်သောင်းကျပ်အထိ နှုတ်ယူနေသဖြင့် ငွေသားရရှိရန် မလွယ်ကူကြောင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

    ပုံ-AYA Mudon

    “ပြည်သူတွေက ဘဏ်ထဲမထည့်တော့ဘူး။ အဲ့အစားရွှေဝယ်ကြတယ်။ လုပ်ငန်းရှင် မဟုတ်ဘဲ ဒေသခံတွေဆို ၁၀ သိန်းအများဆုံးပဲပေးတယ် ဘဏ်ကလည်း လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးတော့လဲတယ် GDP နဲ့ပိုက်ဆံ ၁၀၀ ယူရင် ၁ သောင်းခွဲ ၂ သောင်းနှုတ်လိုက်တယ်၊  ၃၀၀ ယူရင် ၄ သောင်းခွဲပေးလိုက်ရတယ် အခုဆိုငွေသားရဖို့ အပြင်ကနေလဲရတယ် ” ဟု ပြောသည်။

    ချေးငွေနှင့် ငွေသားများထုတ်ယူပြီး ရွှေ၊ ငွေ၊ ဒေါ်လာအစရှိသည့် ဈေးကစားသည့် နေရာသို့မရောက်စေရေးအတွက် ငွေထုတ်ယူမှုအပေါ် ထိန်းကျောင်းနေခြင်းဖြစ်သည်ဟု စစ်ကော်မရှင်ခန့်ဗဟိုဘဏ် ဥက္ကဌဒေါ်သန်းသန်းဆွေမှ ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများ အသင်းချုပ် (UMFCCI) အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

    Mobile Banking မှတစ်ဆင့် ဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြောင်းခြင်းကို ငွေကြေးပမာဏကန့်သတ် သတ်မှတ်ထားခြင်း မရှိသော်လည်း အရောင်းအဝယ်ကိစွများတွင် ငွေသားလိုအပ်ချက်ကြောင့် အခက်အခဲဖြစ်နေသည်ဟု ကုန်သည်များက ဆိုသည်။

    ရော်ဘာအဝယ်ဒိုင်များအနေဖြင့် နေ့စဉ်ရောင်းဝယ်ရေးကိစ္စအတွက် ရွှေဆိုင်နှင့် အခြားလုပ်ငန်းရှင်များထံ ချေးယူ၍ ဖြေရှင်းနေရကြောင်း သံဖြူဇရပ်မှ ရော်ဘာလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “ကျနော်တို့အကောင့်ကနေ ငွေသားအဖြစ်ကနေယူရင် ဘဏ်ကမထုတ်ပေးနိုင်တော့ ရွှေဆိုင်ကနေဖြစ်ဖြစ် အခြားလုပ်ငန်းရှင်ကနေဖြစ်ဖြစ် ရှာယူရတယ်။  ငွေသားမရှိရင် ဘာမှလုပ်လို့မရဘူး။ ရော်ဘာဝယ်ပြီးရင် ငွေသားပဲပြန်ယူကြတယ်။ ကိုယ့်မှာလည်း မရှိတော့ဘူး။ ပြန်ရောင်းလို့ရတဲ့ ပိုက်ဆံဆိုရင် ပြန်ထုတ်မရဘူး” ဟု ပြောသည်။

    လုံခြုံရေးအခြေအနေအရ ပုဂ္ဂလိကဘဏ်များ တစ်နေရာနှင့်တစ်နေရာ ငွေသားသယ်ယူပို့ဆောင်ခြင်းကို မလုပ်ဆောင်နိုင်သည့် အခြေအနေများကြောင့် ဘဏ်အတွင်းငွေသား ပြတ်လပ်မှုဖြစ်နေကြောင်းလည်း  ၎င်းကဆက်ပြောသည်။

    စစ်တပ်က ရွှေနှင့် ဒေါ်လာဈေးတက်သည့်အချိန်တိုင်း လုပ်ငန်းရှင်များကို အပစ်ပုံချပြီး ဖမ်းဆီးသည့်နည်းဖြင့်လည်းကောင်း၊ ငွေသားထုတ်ယူမှုကန့်သတ်ခြင်းဖြင့်လည်းကောင်း ဈေးပြန်လည်ကျဆင်းရန် လုပ်ဆောင်နေသည်။

    ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းပိုင်းအတွင်း ပြည်တွင်း ရွှေဈေးစံချိန်တင်တက်ခဲ့ခြင်းသည် အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့ကျပြီး နိုင်ငံကြီးများ ကိုယ်တိုင်ရွှေဝယ်စုခြင်း၊ ကျပ်ငွေတန်ဖိုးကျခြင်းများကြောင့် ဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks