spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းသမ္မတအထက်တွင်ရှိမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို စစ်တပ်က ဖွဲ့စည်းမည်။

    သမ္မတအထက်တွင်ရှိမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို စစ်တပ်က ဖွဲ့စည်းမည်။

    -

    နိုင်ငံတော်သမ္မတထက် လုပ်ပိုင်ခွင့် ပိုများသည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ စစ်တပ်က ဖွဲ့စည်းရန် ပြင်ဆင်နေသည်။

    ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရန် ဥပဒေပြဋ္ဌာန်းတစ်ရပ်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)က ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

    ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကာလုံ၏ လုပ်ပိုင်ခွင့်ဖြင့် ပြဌာန်းခြင်းဖြစ်ပြီး အစိုးရတစ်ရပ် ပေါ်လာပြီးနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပေးရန်ဖြစ်သည်။

    အဆိုပါ ကောင်စီတွင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးထက်မနည်းပါဝင်ရမည်ဖြစ်ပြီး နိုင်ငံ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြုရေးနှင့် နိုင်ငံတကာဆက်ဆံရေး အစရှိသည့် နယ်ပယ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဟု ပါသည်။

    တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်က “ဒီဥပဒေမှာပါတဲ့ ပြဌာန်းချက်အတိုင်းဆိုရင် သူက အစိုးရဖွဲ့ပြီးတာနဲ့ နိုင်ငံတော် သမ္မတက ဒီကောင်စီဝင်တွေကို ခန့်အပ်ပေးရမယ်။ အဲဒီကောင်စီဝင်တွေက နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့နဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေအားလုံးအပေါ်မှာ သူက အကြံဉာဏ်ပေးမယ်။ ကွပ်ကဲမယ်။ ထိန်းညှိပေးမယ်။ အဲ့တော့ သူ့ရဲ့ အနေအထားက ဘာဖြစ်သွားမလဲဆိုတော့ သမ္မတရဲ့အထက်မှာ ရောက်သွားမယ်။” ဟု ထောက်ပြသည်။

    ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက အများဆုံးအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း စစ်ခေါင်းဆောင်များ၏ အခြေခံဥပဒေပါအချက်များကြောင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့် သမ္မတ လုပ်ခွင့်မရခဲ့ပေ။

    ထို့ကြောင့် ပါတီနှင့် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအတွက် ဥပဒေ ပြဌာန်းခဲ့သော်လည်း အဆိုပါ ရာထူးမှာ ပြည်ထောင်စုအစိုးရအဖွဲ့အင်္ဂါစဥ်၏ နံပါတ် ၂ သာဖြစ်သည်။

    ယခု စစ်တပ်က ဖော်ဆောင်သည့် အတိုင်ပင်ခံကောင်စီမှာ သဘော သဘာဝချင်း တူသယောင်ရှိသော်လည်း ကွဲပြားချက်များရှိနေကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။

    “အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဦးနေဝင်းအစိုးရ လက်ထက်မှာလည်း နိုင်ငံတော် ကောင်စီဆိုပြီး သက်သက်ဖွဲ့တယ်။ နိုင်ငံတော် အစိုးရက သက်သက် နိုင်ငံတော် ကောင်စီက သက်သက်။ နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်အစိုးရရဲ့ အထက်မှာရှိတယ်။ နိုင်ငံတော် ကောင်စီကပဲ နိုင်ငံတော်အစိုးရအတွက် မူဝါဒတွေ ဆောင်ရွက်ချက်တွေကို ညွှန်ကြားပေးတယ်။ ထိန်းညှိပေးတယ်။ အဲ့တော့ ပြန်ပြောရမယ်ဆိုရင် ဥပဒေမရှိဘဲနဲ့ ဘယ်လိုမှ အကောင်အထည်ဖော်လို့မရတဲ့အတွက် နည်းဥပဒေကို ပြဌာန်းလိုက်ခြင်းသည် ဥပဒေရေးရာအရ ဒါပထမဆုံး ပန္နက်ရိုက်လိုက်တာဖြစ်ပါတယ်။” ဟု တရားလွှတ်တော်ရှေ့နေ့ ဦးခင်မောင်က ဆိုသည်။

    အုပ်ချုပ်ရေးအာဏာသာရှိသည့် နိုင်ငံတော် သမ္မတရာထူးမှာ ယခင်ထက်ပင် ပို၍ အခွင့်အာဏာနည်းသွားမည့် အခြေအနေဟု ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

    လက်ရှိ ရွေးကောက်ပွဲတွင် စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံးအနိုင်ရရှိထားပြီး ရွေးကောက်ပွဲစတင်သည့် ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks