spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

    ဘီးလင်းတွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

    -

    ဖေဖေါ်ဝါရီ ၃၊ ၂၀၂၅

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော့ကမယ်ကျေးရွာတွင် နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကော့ကမယ်ကျေးရွာ တောင်စွန်း-ဘီးလင်းကားလမ်းဘေးရှိ အရက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် တောင်စွန်းနယ်မြေရဲစခန်းက နယ်ထိန်းရဲ ဒုတပ်ကြပ် ဇော်မင်းထွန်းကို သေနတ်သမားတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    “နယ်ထိန်းရဲ ဒုတပ်ကြပ် ဇော်မင်းထွန်း ကအခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ သူနဲ့အတူ အရက်လာသောက်တဲ့ ဒုရဲအုပ်ဖုန်းမြင့်နိုင် ဆိုသူကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဒေသခံတချို့အား ခေါ်ယူကာ စစ်ဆေးမးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။  

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့လမ်းဆုံတွင် ကရင်ငြိမ်းချမ်းကောင်စီ KNU/KNLA (PC) မှ တပ်ဖွဲ့ဝင်တစ်ဦးမှာလည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မွန်ပြည်နယ်၌ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ရမှုများကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks