လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၄ ဇန်နဝါရီ ၂၀၂၆။
သင်တန်းသား ၁၅ ဦး တက်ရောက်အောင်မြင်ခဲ့သည့် ရာမညမွန်တပ်တော်၏ အခြေခံဒရုန်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် NMSP-AD ဥက္ကဌ နိုင်ဇေယျ၊ RMA စစ်ဦးစီးချုပ် နိုင်စလွန်းထော၊ ဒုဥက္ကနိုင်လယီဂကား၊ အတွင်းရေးမှုး နိုင်ဗညာလယ်၊ စစ်ကော်မတီဝင်များ၊ အရာရှိအရာခံများနှင့် ရဲဘော်ရဲမေများလည်း ပါဝင်တက်ရောက်ခဲ့သည်။




သင်တန်းဆင်းပွဲအခြေအနေ၊ RMA တပ်အခြေစိုက်ရာ စစ်ရေးအခြေအနေများနှင့်ပတ်သတ်၍ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်စကားထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး ရာမညမွန်တပ်တော်(NMSP-AD/ RMA)မှ ဦးဆောင်၍ (CQB) သင်တန်းဆင်းပွဲ အခမ်းအနား အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သေးသည်။


