spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရေးပြောက်ကျားတပ် YGF ထံ စစ်မှုထမ်းသင်တန်းဆင်းတပ်သား (၃) ဦးထပ်မံအလင်းဝင်

    ရေးပြောက်ကျားတပ် YGF ထံ စစ်မှုထမ်းသင်တန်းဆင်းတပ်သား (၃) ဦးထပ်မံအလင်းဝင်

    -

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင် စစ်ဌာန၊ နည်းဗျူဟာ (၃၃)၊ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁ ) တပ်ရင်းထံ စစ်မှုထမ်းသင်တန်းဆင်းတပ်သား (၃) ဦး ထပ်မံအလင်းဝင်ရောက်လာသည်ဟု YGF မှ ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ ( ၂၉၉ ) တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ( ၁၉ ) မှ တပ်သားတစ်ဦးတို့ YGF ထံ အလင်းဝင် ပူးပေါင်းလာခြင်းဖြစ်သည်။

    “စကခ ၁၉ က ပြေးလာတဲ့တစ်ယောက်က ပဲခူးတိုင်းကပေါ့နော်။ နောက်နှစ်ယောက်ကကျတော့ ဒီမွန်ပြည်နယ်ကပဲ။ မွန်ပြည်နယ်ကနှစ်ယောက်က ရွာမှာ ပေါ်တာဆွဲခံထိတယ်။ ပဲခူးတိုင်းကတစ်ယောက်က ထိုင်းမှာဖမ်းခံထိပြီး ဒီဘက်ပြန်ပို့ခံထိတယ်။ ပဲခူးကတစ်ယောက်က အသက် ၁၉ နှစ်၊ မွန်ကနှစ်ယောက်က အသက် ၂၁ နှစ်နဲ့ ၂၃ နှစ် ” YGF အမှတ် ( ၈၀၀၁ )တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောသည်။

    အဆိုပါ အလင်းဝင်တပ်သားသုံးဦးတို့သည် ကိုယ်ပိုင်အမှတ် ပစ-၁၇၅၈၃၆/တပ်သားကျော်ဇင်ကို၊ ကိုယ်ပိုင်အမှတ် ပစ-၁၇၅၉၅၄/တပ်သားဝင်းမိုးကျော်၊ ကိုယ်ပိုင်အမှတ် ပစ-၁၇၆၂၄၄/တပ်သားသန့်ထွေးအောင်တို့ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ်(၁၆) မှ သင်တန်းဆင်းတပ်သားများ ဖြစ်ကြသည်။

    ရေးပြောက်ကျား YGF တပ်ရင်းအတွင်း စစ်ကော်မရှင် ခမရ၊ ခလရ၊ အမတ စသည့်တပ်ရင်းအသီးသီးမှ အလင်းဝင်လာသူ တပ်သား ၁၅ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး တပ်ရင်းသို့ ယခင် အလင်းဝင်လာသူများကို သက်ဆိုင်ရာ တပ်ရင်းကြီးများသို့ လွှဲပြောင်းပေးထားသူများလည်းရှိသည်ဟု တပ်ရင်းမှုးကပြောသည်။

    အလင်းဝင်လာသည့် တပ်သားများနှင့် ပတ်သတ်၍ တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြည်သူဘက်သို့အချိန်မီ ကူးပြောင်းလာသည့်အတွက် နွေးထွေးပျူငှာစွာ ကြိုဆိုကြောင်းနှင့် စစ်မှုထမ်းမည့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲသို့ဝင်ရောက်ပြီး တော်လှန်ရေးအမြန်ပြီးဆုံးအောင် တွန်းလှန်ကြရန် တိုက်တွန်းသည်။

    တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာများကို အခြေခံ၍ ပြည်သူ့ပန်းတိုင်မှ ကောက်ယူထားသောမှတ်တမ်းမျာအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ပူးပေါင်း၊လက်နက်ချက်အလင်းဝင်သူအပါအဝင် စစ်သုံ့ပန်းစုစုပေါင်း ၂၅၇၈ ဦးအထိရှိကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks