spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းအာယုတောင်ကျေးရွာတွင် ဝါးခုတ်သူ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ

    အာယုတောင်ကျေးရွာတွင် ဝါးခုတ်သူ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ-၃၄၃ တပ်ရင်းအနီးတွင် ဝါးခုတ်သူ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်နေရာအနှံ့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များမှ သိရသည်။

    အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးသည် ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် အာယုတောင်အခြေစိုက် ခမရ- ၃၄၃ တပ်ရင်းအနီးသို့ ဝါးပင်များခုတ်လှဲနေစဉ် အနီးတစ်ဝိုက်မြှပ်နှံထားသည့် မြေမြှပ်မိုင်းအပေါ် အပင်လဲကျသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အာယုတောင် ဒေသခံတစ်ဦးက ဆိုသည်။

    “ သူကအမြဲတမ်းလိုလို အဲ့တပ်ရင်းအနားကို သွားခုတ်နေတာပဲ။ အခုက ဒီအပြင်ဘက်လမ်းမှာသိမ်မရှိလို့ အထဲနည်းနည်းဝင်သွားခုတ်တာ မိုင်းကိုနင်းမိတာ မဟုတ်ဘူး။ ဝါးပင်ကလဲကျတော့မှ မိုင်းကိုသွားထိတာ အဲ့ကြောင်းမိုင်းက ပေါက်ကွဲပြီးတော့ သူ့ကို သွားထိမိတာ” ဟု ပြောသည်။

    မိုင်းစများ ပေါက်ကွဲလွှင့်စင်လာမှုကြောင်း ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်အပြင် အခန္ဓာကိုယ်အနှံ့ ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် အဆိုပါ ဒေသခံအမျိုးသားကို ဆေးကုသမှုခံယူရန် လမိုင်းဆေးရုံသို့ ပို့ဆောင်ထားရသည်။

    မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ နေရာသည် ခြံလုပ်သားများ သွားလာလှုပ်ရှားမှုများသည့် နေရာဖြစ်ပြီး တစ်စုံတစ်ရာ သတိပေးကန့်သတ်ထားခြင်းမရှိသဖြင့် အဆိုပါနေရာအနီးတစ်ဝိုက် အသွားအလာ အထူးသတိရှိရန်လည်း အထက်ပါဒေသခံက တိုက်တွန်းသည်။

    ရေးမြို့နယ်သည် တော်လှန်ရေးလှုပ်ရှားမှုးအားကောင်းသည့် နယ်မြေဖြစ်ပြီး တပ်ရင်းအနီးတစ်ဝိုက်ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခြင်း မလုပ်ဆောင်နိုင်ရန် ယမန်နှစ်ကပင် ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တပ်ရင်းအနီးတစ်ဝိုက်တွင် စစ်ကော်မရှင် တပ်သားများက မြေမြှုပ်မိုင်းထောင်ထားခြင်းဖြစ်သည်ဟု ဒေသခံက ဆက်ပြောသည်။

    “အခုဖြစ်သွားတဲ့နေရာက စာတွေကပ်ထားတာ သတိပေးတာတွေမရှိဘူး။ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်မှာကို စိုးလို့ သူတို့ထောင်ထားတာ။ မနှစ်က ဝါးခုတ်တဲ့သူတွေနဲ့ဆုံရင် သူတို့ပြောတယ်။ ဒီဘက်မှာ ရှိနေတဲ့ခြံသမားတွေ ဝါးလာမခုတ်နဲ့ မိုင်းထောင်ထားတာရှိတယ် အဲ့လိုတော့ သူတို့ပြောပြတယ်၊ ဒါပေမဲ့ စာလဲမကပ်ထားတော့ မသိတဲ့သူကမသိနေတော့ ထိမှာပဲပေါ့” ဟု ပြောသည်။

    ယနေ့ မြေမြှပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက ခြံသမားတစ်ဦး၏ ခွေးတစ်ကောင် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟုလည်း သိရသည်။

    ရေးမြို့နယ်တွင် စစ်ကော်မရှင်တပ်ရင်း သို့မဟုတ် တပ်စွဲနေထိုင်လေ့ထိုင်ထားသည့် နေရာအနီးတစ်ဝိုက်တွင် ဒေသခံများ မြေမြှပ်မိုင်း နင်းမိမှု မကြာခဏဖြစ်ပွားနေသည်။

    လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ အချက်အလက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း မြေမြှပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးနှင့် မျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks