spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ လက်နက်ကြီးဖြင့်နေ့စဉ်ပစ်ခတ်ပြီး အင်အားရာနှင့်ချီစစ်ကြောင်းထိုး

    ရေဖြူမြို့ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ လက်နက်ကြီးဖြင့်နေ့စဉ်ပစ်ခတ်ပြီး အင်အားရာနှင့်ချီစစ်ကြောင်းထိုး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်၏ ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်မှုလုပ်ဆောင်နေသည့်အပြင် စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

    စစ်အာဏာရှင် ရေဖြူမြို့နယ်အခြေစိုက် အမှတ်(၃၀၄) တပ်ရင်းမှ နတ်တွင်းကျေးရွာဘက်သို့ နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ထို့အပြင် စစ်ကော်မရှင် အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြင့် ရေဖြူမြို့အနောက်ဘက်ခြမ်း ကျေးရွာတစ်ခုနှင့်တစ်ခု စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ယမန်နေ့ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော် ABC ကပြောသည်။

    “သူတို့ရဲ့အင်အားကရော၊ ၅၀ ဝန်းကျင်လောက်ရှိပါတယ်ခင်ဗျား ၁၃ ရက်နေ့ကတည်းက ထိုးနေပါတယ်။ သူတို့စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ဖြစ်နေပါတယ် စစ်ဘေးရှောင် နေရပါတယ်” ဟု ပြောသည်။

    ရေဖြူမြို့အနောက်ဘက်ခြမ်းရှိ စစ်ကော်မရှင်အဖွဲ့ စစ်ကြောင်းထိုးရာရွာများသည် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ထွက်သွားလာရာနေရာဖြစ်ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားရကြောင်းလည်း ဆိုသည်။

    စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သောအားဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်များက ဌာနဆိုင်ရာရုံးများအပြင် ခမရ ၄၀၆ တပ်ရင်း၊ ခမရ ၄၀၇ တပ်ရင်း ၊ အမတ ၃၀၄ တပ်ရင်းတို့ကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းနှင့် ရေဖြူမြို့တံတား၊ စစ်ဆေးရေးဂိတ်၊ ရေဖြူမြို့ရပ်တော်မူဘုရားရှိ စစ်ကော်မရှင် ယာယီစခန်းကိုပါလက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့နေ့တွင် ရေဖြူမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ခေတ္တထိန်းချုပ်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ အရပ်သားနေရာများကို ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ပြန်လည်ဆုတ်ခွာလိုက်ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်သည်။

    ဌာနဆိုင်ရာရုံးအတွင်းသို့ ဝင်ရောက်စီးနင်းမှုလုပ်ဆောင်စဉ်တွင် စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများကို တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများရှိနေပြီး အဖွဲ့ပေါင်းစုံပါသည့် ပူးပေါင်းတိုက်ခိုက်မှုဖြစ်ခြင်းကြောင့် ပြန်လည်စိစစ်နေရဆဲဖြစ်သည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    “ဌာနဆိုင်ရာကဝန်ထမ်းကိုခေါ်သွားတာရှိမရှိကို အဖွဲ့တွေများတော့စိစစ်နေတုန်းပါ၊ ဌာနဆိုင်ရာရုံးတွေမှာ စစ်တပ်နဲ့ သူတို့ဝန်ထမ်းတွေလည်း အခုဆို ပြန်လည်နေနေပါပြီး” ဟု ဆိုသည်။

    ပူးပေါင်းတပ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်- TPLF၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်အဖွဲ့)၊ ဗျူဟာ(၃၃) ဒေါနတပ်ခွဲ-(၇)(LPF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်သည်။

    ရေဖြူမြို့နယ်အတွင်းရှိ မြို့မရဲစခန်း အပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တောရုံး၊ စုပေါင်းစုံ၊ ဘဏ်နှင့်ဝန်ထမ်းအိမ်ရာ စသည့်အဆောက်အအုံများ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် မီးရှို့ဖျက်ဆီးခံခဲ့ရနောက် ရေဖြူမြို့ပေါ်နှင့် မြို့ပြင်နေရာတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး စစ်ဆေးရေးတင်းကြပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks