spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်မှာ စစ်မှုထမ်းဥပဒေအရ လူငယ် ၃၀၀၀ ကျော်ကို စစ်အုပ်စု ခေါ်ယူခဲ့

    မွန်မှာ စစ်မှုထမ်းဥပဒေအရ လူငယ် ၃၀၀၀ ကျော်ကို စစ်အုပ်စု ခေါ်ယူခဲ့

    -

    မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ လူဦးရေ ၃၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြဌာန်ခဲ့ပြီးနောက် သင်တန်းအပတ်စဉ်တခုလျှင် လူဦးရေ ၅၀၀၀ သတ်မှတ်ကာ ဧပြီလမှစ၍ စစ်အုပ်စုက ဖွင့်လှစ်ခဲ့သည်။

    စစ်အုပ်စုသည် ရပ်ကျေးအာဏာပိုင်မှသာမက စစ်သားစုဆောင်းရေးကော်မတီများ ဖွဲ့စည်း၍ အတင်းအဓမ္မ လိုက်လံဖမ်းဆီးမှု၊ ခရီးသွားလာသည့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးမှု၊ ညဖက်မှာ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း နိုင်အဲမွန်က ပြောသည်။

    “အခု ဖွင့်လိုက်တဲ့ အပတ်စဉ် ၁၉ အတွင်းမှာ မွန်ပြည်နယ်ထဲမှာဆိုလို့ရှိရင် စာရင်းအရ ခန့်မှန်းဦးရေက ၃၅၀၀ နဲ့ ၃၆၀၀ ကြားမှာရှိတယ်။ ဆိုလိုတာက တစ်လတစ်လကို အယောက် ၂၀၀ ကျော်လောက်၊ ၂၅၀ လောက် သွက်သွင်းခံနေရတဲ့ ပုံစံမျိုးဖြစ်နေတယ်၊ အနီးစပ်ဆုံးကတော့ တကက လို့ ခေါ်တဲ့ တပ်မတော် တပ်မြင့်ရေး လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို ပို့တာရှိတယ်” ဟု ပြောသည်။

    နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တပ်သားလိုအပ်ချက်များကို ပြန်ဖြည့်နိုင်ရန် မွန်ပြည်နယ်တွင် သင်တန်းအပတ်စဉ် ၅ မှ အပတ်စဉ် ၁၀ အထိ စ၍ တိုးမြှင့်ကောက်ခံပြီး လူဦးရေ ၁၄၀၀ အထိ ကောက်ခံခဲ့ကြောင်း ထို့နောက် ပိုမို ကောက်ခံလာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင်လည်း စစ်အုပ်စုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့အပါအဝင် နိုင်ငံတစ်ဝှမ်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၀ သင်တန်းဖွင့်ပွဲကို စစ်အုပ်စုက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့သည်။

    မွန်ပြည်နယ်အတွင်း အဓမ္မတပ်သားသစ်စုဆောင်းခံရသည့် လူငယ်များကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စုရှိ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၊ သထုံအခြေခံ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်မှု ရှိသလို ပုလောမြို့ဘက် ပို့ဆောင်သည့်အချိန်လည်း ရှိခဲ့သည်။

    မွန်ဒေသတွင် စစ်အုပ်စု ထိန်းချုပ်ထားသော မြို့များတွင် ဆင့်ခေါ်စာဖြင့် အုပ်ချုပ်ရေးမှူးမှတဆင့် ခေါ်ယူမှု လုပ်ဆောင်နေသလို Marital law ထုတ်ထားသော ဒေသများတွင် ပိုမိုလုပ်ဆောင်နေကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။

    “အခုဖြစ်နေတာက အများစုလူငယ်တွေ နိုင်ငံခြားမှာ သွားပြီးရှောင်ကြတာတော့ များတယ်။ တစ်ချို့တိုင်းရင်းသားလက်နက်ကိုင်တစ်ခုခုမှာ သွားရောက်ရှောင်နေကြတာလဲ ရှိနေပါတယ်။ ကျနော်အနေနဲ့ ပြောရင် လူငယ်တွေ တော်လှန်ရေးအဖွဲ့ ထိန်းချုပ်ထားတဲ့နယ်မြေ ဒါမှမဟုတ် တိုင်ရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေမှာ ပေးရှောင်စေချင်တယ်။ အခု တိုးတက်သောမွန်လူငယ်များအစည်းအရုံးမှာ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ဖို့ ခက်ခဲ့နေတဲ့ လူငယ်တွေအတွက် Safe House တစ်ခု ဖွင့်ထားတာရှိတယ်လို့ ပြောတာကြားနေရတယ်။ သေချာတော့မသိဘူး တစ်ကယ်လို့ အဲဒီနေမျိုးရှိခဲ့ရင် အဆက်သွယ်ယူပြီး တိမ်ရှောင်လို့ရှိရင် လုံခြုံမှုရရှိနိုင်တယ်လို့မြင်ပါတယ်” ဟု ပြောသည်။

    စစ်မှုထမ်းဥပဒေအရ ကျောင်းသူ/ကျောင်းသားများ ကာလအပိုင်းအခြားအရ ကင်းလွတ်ခွင့်ရရန် တောင်းဆိုနိုင်သော်လည်း စစ်အုပ်စုလက်အောက်ရှိနေသည့်အတွက် အချိန်မရွေးဖမ်ဆီးခေါ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိကိုယ် လုံခြုံစိတ်ချရသော နေရာဒေသတွင် သွားရောက် တိမ်းရှောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနှင့် မွန် – ကရင်နယ်စပ်တို့တွင် စစ်အုပ်စုက ဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးနည်းသည့် မြို့နယ်မှာ တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ရေးမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks