spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်း၁၃/ မှတ်ပုံတင်ကိုင်ဆောင်သူများ လူနာတင်ယာဉ်တွင် တင်ဆောင်ခွင့်မရှိ

    ၁၃/ မှတ်ပုံတင်ကိုင်ဆောင်သူများ လူနာတင်ယာဉ်တွင် တင်ဆောင်ခွင့်မရှိ

    -

    မွန်နှင့် ကရင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေအရ ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် လူနာတင်ယာဉ်ပေါ်တွင် တင်ဆောင်ခွင့် ရပ်နားထားရကြောင်း မွန်နှင့် ကရင်ပြည်နယ် လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။

    စစ်ကော်မရှင်မှ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို စတင်နှိမ်နင်းချိန်မှစ၍ ၁၃/ မှတ်ပုံတင်ကိုင်‌‌ဆောင်‌ထားသူများသည် လူနာ (သို့မဟုတ်) လူနာစောင့်ကဲ့သို့ လူနာတင်ယာဉ်နှင့် သွားလာနေခြင်းကြောင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်က မြဝတီမြို့ လူနာတင်ယာဉ်တစ်စီးမှ လိုက်ပါစီးနင်းလာသည့် ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦး ဖမ်းဆီးခံရသည့်အပြင် မွန်ပြည်နယ်မှ လူနာတင်ယာဉ်တစ်စီးလည်း အလားတူ ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း  မော်လမြိုင်မှ လူမှုကူညီကယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ သူတို့က လူနာလိုမဟုတ်ရင် လူနာစောင့်လို ယောင်ဆောင်ပြီးတော့ လူနာတင်ယာဉ်နဲ့လိုက်တာ။ ဂိတ်တွေမှာစစ်ဆေးတော့ ၁၃/ ဆို သူတို့မ‌ပေးဖြတ်ဘူး။ သူတို့ဖမ်းလိုက်တာ ၁၃/ အများစုက ဒီရွှေကုက္ကိုဘက်ကနေလာတာ၊ မွန်မှာလဲ ထိသွားတယ်။ တစ်ချို့လူနာတင်ယာဉ်တွေက မသိတော့ တင်သွားတယ် ဂိတ်ရောက်မှသိတော့ ဒုက္ခရောက်ကြတာပေါ့။ ကျားဖြန့်လုပ်ငန်းကြောင့် သူတို့စစ်ဆေးတင်းကြပ်ထားတာ။ အချို့ ၁၃/ ဆို ဗမာစကားတောင်မပြော‌တတ်ဘူး” ဟု မော်လမြိုင်မှ လူမှုကူညီကယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ယမန်နေ့ ပေါင်မြို့နယ် ရင်းငြိမ်ဘူတာအနီး ဖမ်းဆီးခံထားရသည့် ကျားဖြန့်လုပ်ငန်းပြန် လူ ၁၀၀ ကျော်အနက် အများစုသည် ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားကြကြောင်းလည်း သိရသည်။

    ထို့ကြောင့် မွန်၊ကရင်ပြည်နယ်အတွင်းရှိ လှုမှုကယ်ရေးအဖွဲ့များ ၁၃/မှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားသူများကို တင်ဆောင်ခြင်းမပြုရန်၊ အမှန်တကယ် အကူအညီလိုအပ်သည့် လူနာအစစ်အမှန်ဖြစ်ပါက ကျေးရွာ သို့မဟုတ် ရပ်ကွက်ထောက်ခံစာပါရှိမှသာ တင်ဆောင်ရန် အချင်းချင်း သတိပေးပြောဆိုထားကြောင်း ဆိုသည်။

    “အခုလောလောဆယ်က လုံးခြုရေးအခြေအနေအရ ၁၃/တွေမတင်ဖို့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့အများစုကိုတော့သတိပေး ပြောထားကြတယ်။ လမ်းခရီးတွေမှာ အခက်ခဲမရှိဖို့အတွက်ရော နောက်ပြီး တကယ့်လူနာစစ်စစ် ဖြစ်နေရင်တော့ ကျနော်တို့ တင်ပေးပါတယ်။ ကျေးရွာ/ရပ်ကွက်ထောက်ခံစာတော့ ရှိရမယ်ပေါ့။ တချို့၁၃/ကိုင်ဆောင်ထားတဲ့သူက ဒီပြည်နယ်တွေမှာ လာပြီးအလုပ်လုပ်ကြတော့ ဒီနေရာမှာပဲ အခြေချလိုက်တာရှိတယ်လေ ” ဟု ကရင်ပြည်နယ်မှ လူမှုကူညီကယ်ယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

    ဘားအံ သံလွင်တံတား၊ မော်လမြိုင်သံလွင်တံတားအပြင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ဘားအံ စသည့် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ကျားဖြန့်လုပ်ငန်းပြန် ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများကို တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    ၁၃/ မျဉ်းစောင်းကိုင်ဆောင်ထားသည့် ရှမ်းပြည်နယ်ဒေသခံ အစစ်အမှန်များ လမ်းခရီးသေချာစုံစမ်းပြီးမှ ခရီးသွားလာခြင်းပြုရန်နှင့် အလားတူ ၁၄/ ၁/ ၅ /နှင့် ၉/ မှတ်ပုံတင်ကိုင်ဆောင်သူများကိုလည်း စစ်ဆေးတင်းကြပ်ထားကြောင်း လမ်းခရီးကျွမ်းကျင်သူများ လူမှုကွန်ရက်ပေါ်တွင် အသိပေးပြောဆိုလျှက်ရှိသည်။

    စစ်ကော်မရှင်တပ်ဖွဲ့တို့က မြဝတီနယ်၊ ရွှေကုက္ကိုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)နှင့်  လောင်းကစားလုပ်ငန်းများကို နိုဝင်ဘာ ၁၈ ရက်နေ့မှစ၍ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ပြည်ပနိုင်ငံသား ၁၈၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး လုပ်ငန်းသုံးပစ္စည်းများကိုလည်း စက်ယန္တရားများအသုံးပြုကာ ဖျက်ဆီးခဲ့ကြောင်း စစ်ကော်မရှင် ပြန်ကြားရေးအချက်အလက်များအရ သိရသည်။

    ထိုကြောင့် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသော မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်းစုံမှ လူထောင်ချီသည် နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးနေကြရသည်။

    နိုဝင်ဘာ ၂၃ ရက်နေ့မှစ၍ မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ကျားဖြန့်လုပ်ငန်းမှ စွန့်ခွာလာသူ ၆၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ လဂွန်းအိမ်စာစဉ်သို့ ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts