Tuesday, March 10, 2026
More
    spot_img
    Homeသတင်းKNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ ၆ ဥက္ကဋ္ဌဟောင်းတို့ကို KNU မှ အပြီးထုတ်ပယ်

    KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ ၆ ဥက္ကဋ္ဌဟောင်းတို့ကို KNU မှ အပြီးထုတ်ပယ်

    -

    ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း စောရွှေမောင်းတို့ကို KNU မှ အပြီး ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

    စစ်ကော်မရှင်က ကျင်းပခဲ့သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀) နှစ်ပြည့် အခမ်းအနားသို့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်တို့ တက်ရောက်ခဲ့သည့်အပေါ် KNU ၏ မူဝါဒကို ချိုးဖောက်ရာရောက်သည့်အတွက် အဖွဲ့မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

    KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်တို့ကို အဖွဲ့မှ အပြီးထုတ်ပယ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာလ တတိယအပတ်အတွင်းက ကျင်းပခဲ့သည့် KNU (၁၃) ကြိမ်မြောက် ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။

    “​ဒီခေါင်းဆောင်ကြီးနှစ်ဦးဟာ ကွန်ဂရက်မှာ ထပ်ပြီး ဝင်အရွေးချယ်မခံခဲ့ကြပေမယ့် KNU ရဲ့ အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့က အဖွဲ့ရဲ့ မူဝါဒတွေအပေါ်မှာ လိုက်နာရပါမယ်။ KNU ရဲ့ ခေါင်းဆောင်ဟောင်းတွေက ဒီလိုမူဝါဒတွေအပေါ်မှာ အကြိမ်ကြိမ် ချိုးဖောက်နေတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း အခုလို အရေးယူရတာဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

    ခေါင်းဆောင်ဟောင်းနှစ်ဦးကို KNU မှ အပြီး ထုတ်ပယ်လိုက်ပြီး အဖွဲ့နှင့် မသက်ဆိုင်ကြောင်း အကြောင်းကြားစာများကိုလည်း ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဆိုသည်။

    KNU အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေပြီး၊ အာဏာသိမ်းပြီးနောက် NCA လည်း ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

    KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင် စောရွှေမောင်တို့သည် စစ်ကော်မရှင် ကျင်းပသည့် NCA (၁၀) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့သလို စစ်ခေါင်းဆောင်နှင့်လည်း တွေ့ဆုံလေ့ရှိသည်။

    Photo: Social Media

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks