spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစစ်တပ်ခန့် ကရင်ဝန်ကြီးချုပ် စောမြင့်ဦး၏ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးသူ အမျိုးသားနှစ်ဦး အရေးယူခံရ

    စစ်တပ်ခန့် ကရင်ဝန်ကြီးချုပ် စောမြင့်ဦး၏ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးသူ အမျိုးသားနှစ်ဦး အရေးယူခံရ

    -

    စစ်တပ်ခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသည့် အသက် ၁၅ နှစ်အရွယ် လူငယ်အပါအဝင် အမျိုးသား နှစ်ဦးကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

    ဦးစောမြင့်ဦးသည် လာမည့် ရွေးကောက်ပွဲတွင် USDP ပါတီမှ ပြည်နယ်လွှတ်တော် (FPTP) ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု အသိပေးထားသည်။

    ဘားအံမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ထောင်ထားသည့် ဦးစောမြင့်ဦး၏ မဲဆွယ် ဓါတ်ပုံနှင့် စာသားပါ ဗွီနိုင်းဆိုင်းဘုတ်ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ဒေသခံအမျိုးသားနှစ်ဦးက ဆုတ်ဖြဲ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

    အဆိုပါအမျိုးသားနှစ်ဦးကို USDP ပါတီဝင်အချို့၏ သတင်းပေးတိုင်တန်းမှုများကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ချက်ချင်းပင်ဖမ်းဆီးခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

    ပုံစာ – ၂၀၂၀ ရွေးကောက်ပွဲတွင် ဖွာပွန်မြို့နယ်ကိုယ်စားလှယ်လောင်း ဗီးနိုင်းဆိုင်းဘုတ်စိုက်ထူစဉ်(ပုံဟောင်း) (ပုံခရက်တစ် – USDP)

    “ပြောတာတော့ နည်းနည်းမူးနေတယ်လို့တော့ ပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာတော့ မသိဘူးပေါ့၊ အဲဒီနေ့မှာပဲ တခါတည်းရှာပြီး အိမ်မှာနဲ့တူတယ် ဖမ်းသွားတာလေ” ဟု ပြောသည်။

    မဲဆွယ်ဗီနိုင်းဆိုင်းဘုတ်ကို ဆုတ်ဖြဲခဲ့သည့် အသက် ၁၅ နှစ်အရွယ် ဖြိုးမင်းသန်း၊ အသက် ၃၁ နှစ်အရွယ် ထွန်းထွန်းဝင်းတို့ကို ရွေးကောက်ပွဲ နှောက်ယှက်ဖျက်ဆီးမှုများ တားဆီးရေးဥပဒေ ပုဒ်မ ၂၄ (က)ဖြင့် အရေးယူ လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

    ယခုရွေးကောက်ပွဲနှင့်ပတ်သက်ပြီးအရေးယူခံလိုက်ရသည့်ဖြစ်စဉ်သည် ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး ပြည်သူများ အကြောက်တရားဝင်သွားအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု မြို့ခံအချို့က ပြောကြသည်။

    “အခုက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ရမ်းသမ်းပြောနေလို့မရဘူး၊ ဝေဖန်လို့မရနေဘူး၊ တခုခုဆိုတာနဲ့ အရေးယူခံရဖို့က များတယ်၊ ပွင့်လင်းမြင်သာမှု မရှိနေတော့ဘူး၊ ခြိမ်းခြောက်ခံထားရတဲ့ပုံစံမျိုးကို ဖြစ်နေတာ၊ ဘာမှ ပြောဆိုဝေဖန်မရတဲ့ ရွေးကောက်ပွဲက ဘယ်လို ဖြစ်မလဲတော့ မသိဘူး” ဟု စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲအပေါ် မော်လမြိုင်မြို့ခံ တဦးက မှတ်ချက်ပြုသည်။

    လက်ရှိ စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်း ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူခံထားရသည့် ပြည်သူ ၁၀၀ နီးပါးအထိရှိပြီးလို့ ထုတ်ပြန်ထားပါသည်။

    ဥပဒေပြဌာန်းချက်တွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများ၊ မဲပေးသူများ၊ မဲရုံတာဝန်ကျသူများအပါအဝင် ပုံစံအမျိုးမျိုးဖြင့် ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks