spot_img
Wednesday, February 4, 2026
More
    spot_img
    HomeVox Popအွန်လိုင်းငွေလိမ်လုပ်ငန်းကြောင့် အင်တာနက်ပြတ်တောက်မှု ထပ်မံကြုံနေရသည့် နယ်စပ်ဒေသနေထိုင်သူများ၏ စကားသံ

    အွန်လိုင်းငွေလိမ်လုပ်ငန်းကြောင့် အင်တာနက်ပြတ်တောက်မှု ထပ်မံကြုံနေရသည့် နယ်စပ်ဒေသနေထိုင်သူများ၏ စကားသံ

    -

    ထိုင်း-မြန်မာနယ်စပ်ဒေသတွင်  Srarlink အင်တာနက်များကို အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ယနေ့အထိ ဆက်တိုက်ဖြတ်တောက် ပိတ်ဆို့ရမှုများ များလာနေကြောင်း နယ်စပ်နေဒေသခံများ၏ ပြောပြချက်အရ သိရသည်။

    လက်ရှိတွင် မြဝတီမြို့နယ်စပ်ဒေသ တရုတ်ကျားဖြန့်ဆိုဒ်ရှိရာနယ်မြေနှင့် နီးစပ်ရာနေရာများတွင် starlink အင်တာနက်ဖြတ်တောက်ခံရမှုများရှိသလို အချို့က အကောင့်လုပ်ဆောင်ချက်ကို စစ်ဆေးနေစဉ်ကာလဖြစ်ကြောင်း starlink မှတရားဝင် အီးမေလ်များလက်ခံရရှိပြီးနောက် ဖြတ်တောက်ခံရသူများလည်းရှိသည်ဟု နယ်စပ်သတင်းအရင်းအမြစ်များအရ သိရသည်။

    မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လုပ်ငန်းလည်ပတ်မှုအတွင်း starlink များပါဝင်ပတ်သတ်နေမှုကို စုံစမ်းရေးစတင်နေပြီးဖြစ်သည်ဟု အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲရေးကော်မတီက AFP သတင်း ဌာနကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောဆိုခဲ့သေးသည်။

    အင်တာနက် ထပ်မံဖြတ်တောက်ခံနေရသည့် နယ်စပ်နေဒေသခံများ၏အခြေအနေနှင့် ဆက်သွယ်ရေးပြတ်တောက်မှုမဖြစ်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်နေသည့် စကားသံများကို လွတ်လပ်သောမွန်သတင်းအေဂျင်စီ(IMNA)မှ စုစည်းဖော်ပြလိုက်သည်။

    ပုံ- ထိုင်းသတင်းဌာနတွင်ဖော်ပြထားသော ထိုင်း-မြန်မာနယ်စပ်တစ်နေရာ

    တပ်မဟာ ၇ နယ်မြေမှ တော်လှန်ရေးရဲဘော်တစ်ဦး

    "မြဝတီ location နဲ့ဆိုရင် အကုန် အပိတ်ခံရတာမျိုးရှိတယ်။ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ မှာ ကျားဖြန့်နဲ့ ဆက်သွယ်တယ်လို့ယူဆတဲ့စက်တွေကို တိုက်ရိုက်ပိတ်တယ်၊ ပိတ်ထားတဲ့စက်တွေမှာ starlink G3 အမျိုးအစားအပိတ်ခံရတာ များတယ်၊ ကျားဖြန့်ဆိုင်တွေနဲ့နီးစပ်တဲ့နေရာတွေမှာ starlink အင်တာနက် slot online casino game တွေဆော့တာကို ရှောင်းရှားသင့်တယ် ကျားဖြန့်နဲ့မှားပြီး Account Disable လုပ်ခံရတတ်တယ်။ အဲလို့အခြေအနေကြောင့် ကျနော်တို့က ထိုင်းကဒ်သုံးလိုက် starlink သုံးလိုက်ဖြစ်တော့လေ Faceboook အကောင့်က IP address ပျောက်လိုက်ပေါ်လိုက် ဖြစ်တော့ အပိတ်ခံသွားရတာ”

    ဘုရားသုံးဆူမြို့ခံအမျိုးသားတစ်ဦး

    “ ကျနော်တို့မှာတော့ အဖြတ်ခံလိုက်ရတာမရှိသေးပါဘူး၊ ဖြတ်တာကလည်း နေရာရွေးပြီးဖြတ်နေတယ်လို့လည်း ကြားတယ်လေ။ အချို့လိုင်းကျတဲ့နေရာတွေတော့ရှိပါတယ်။ starlink ကို အချို့မြို့တွေမှာ အဖြတ်ခံနေရတော့ သုံးဆူမှာလည်း ဖြတ်နိုင်တယ်လို့ ပြောနေကြတယ်။ အခုတော့မဖြတ်သေးဘူ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ထိုင်း wifi တို့ True တို့လိုမျိုးကို ပြောင်းလဲအသုံးပြုနေတာ။ အင်တာနက်ကလည်းပြတ် ဒါလည်းထပ်ဖြတ်ခံရမှာကိုပဲ စိုးရိမ်ရတာ”

    ကြာအင်းဆိပ်ကြီးမှ ဒေသခံတစ်ဦး

    “တကယ်တော့ starlink မရှိရင် လက်ရှိအခြေအနေမှာ အခက်အခဲတော်တော်လေးကိုဖြစ်မှာ။ အင်တာနက် အားကိုးပြီး အလုပ်တွေလုပ်နေကြတာဆိုတော့ starlink သာမရှိရင် ဘာမှလုပ်လို့မရတော့ဘူး။ သင်တန်းတက်နေတဲ့သူတွေရှိတယ် လုပ်လက်စကိစ္စတွေ ချိန်းထားကြတာတွေ အကုန်နှောင့်နှေးတာတွေရှိတယ်။ ကြာအင်းဆိပ်ကြီးလိုဆို တော်လှန်ရေးနယ်မြေနဲ့နီးလို့ အင်တာနက်သိပ်မရတော့ starlink လည်းသုံးလာတယ်၊ အဲ့လိုတွေအဖြတ်ခံလိုက်ရရင် အခြားထိုင်းကဒ်သုံးဖို့လည်း လက်လှမ်းမမှီတဲ့နေရာဆိုတော့လေ”

    မြဝတီမှ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူ

    ပြည်တွင်းနေရာတော်တော်များများက ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်ခံရတော့ အခုလိုတွေ ထပ်ဖြစ်လာမယ်ဆိုရင်တော့ အရင်တုန်းက Starlink မရှိခင် ရခိုင်ကို အင်တာနက်ဖြတ်သလိုမျိုး အတင်းအမှောင်ချတာ။ လူ့အခွင့်အရေး ချိုးဖောက်တာတွေတော့ လက်လွတ်စပယ် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ မြဝတီကတော့ မြန်မာ ဖုန်းလိုင်းနဲ့အင်တာနက်ကိုတော့ ရရှိနေဆဲပါပဲ။

    Starlink ကို  မြန်မာနိုင်ငံတွင် တရားဝင်အသုံးပြုခွင့်မရှိသော်လည်း ကျားဖြန့်နှိမ်နင်းမှုကြောင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် နယ်စပ်ဒေသခံများက ထိုင်းမှတဆင့် တရားမဝင်တင်သွင်းသည့် Starlink စက်များကို ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုလာသည်။

    နည်းပညာအရ Starlink အသုံးပြုမှု ထပ်မံကန့်သတ်ခံနေရသည့် နယ်စပ်နေဒေသခံများ ဆက်သွယ်ရေး ပိုမိုခက်ခဲလာနေပြီး အွန်လိုင်းငွေလိမ်ဂိုဏ်လုပ်ကိုင်သူများအတွက် ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်းလည်း နည်းပညာကျွမ်းကျင်သူများ ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks