Wednesday, March 18, 2026
More
    spot_img
    Homeသတင်းကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီးမှ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ စမည်ဟု MUP ဆို

    ကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီးမှ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ စမည်ဟု MUP ဆို

    -

    မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီးမှသာ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါတီခေါင်းဆောင် နိုင်စံတင်က ပြောသည်။

    စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ ရက်ပေါင်း (၆၀) မဲဆွယ်စည်းရုံးနိုင်မည့်ရက်ကို ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    “ဒီ (အောက်တိုဘာလ ၁၇ ရက်) ကိုယ်စားလှယ်လောင်းစာရင်းတွေ ကြေညာမယ်လို့ သိရပါတယ်။ အဲ့ဒါပြီးမှဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကို မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်စံတင်က ဆိုသည်။

    ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများအနေဖြင့် လာမည့် အောက်တိုဘာလ (၂၈) ရက်နေ့ နံနက် (၆) နာရီအချိန်မှ စတင်ပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၁၂) နာရီအထိ ရက်ပေါင်း (၆၀) ကြာ မဲဆွယ်စည်းရုံးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားသည်။

    မဲဆွယ်စည်းရုံးရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း လုပ်ဆောင်ရန် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့အစည်းများက မရ ရအောင် ဖျက်ဆီးသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks