spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းမွန်ဒေသ ငြိမ်းချမ်းရန်အတွက် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံကြရန်လိုဟု MUP ဥက္ကဋ္ဌ ပြော

    မွန်ဒေသ ငြိမ်းချမ်းရန်အတွက် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံကြရန်လိုဟု MUP ဥက္ကဋ္ဌ ပြော

    -

    မွန်ပြည်နယ် တည်ငြိမ်အေးချမ်းရန်အတွက် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များ အချိန်ယူ တွေ့ဆုံကြရန် လိုအပ်သည်ဟု မွန်ညီညွတ်ရေးပါတီ(MUP) ဥက္ကဋ္ဌ နိုင်လဝီအောင်က ပြောသည်။

    တွေ့ဆုံဆွေးနွေးမှုမှတဆင့်ချင်း ငြိမ်းချမ်းရေးကို သွားရန် လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သတင်းမီဒီယာ၏ မေးမြန်းမှုကို နိုင်လဝီအောက်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    နိုင်လဝီအောင်က “ကျနော်တို့ အားလုံးညှိနှိုင်းမှ ရမှာပေါ့၊ တယောက်ထဲက မရဘူး။ မွန်ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေပေါ့နော်၊ နောက်ပြီးတော့ နိုင်ငံတော်မှာရှိတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အချိန်ယူဖို့လိုတယ်။ သည်းခံဖို့လိုတယ်။ နောက်တစ်ခါ ကျနော်တို့က သူတို့နဲ့ မကြာမကြာ တွေ့ဆုံဖို့ အမြဲတမ်း ထိတွေ့မှု ရှိမှလည်း ကျနော်တို့က ရတဲ့ဟာကို ကျနော်တို့က အဖြေတစ်ခုရမယ်။ ကျနော်တို့က အဖြေအားလုံး ပြည့်စုံအောင် မရနိုင်ဘူး။ ရတဲ့ဟာကို စုပြီးမှ တဆင့်ပြီး တဆင့် တက်မယ်ဆိုရင် နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့ အဖြေတစ်ခုရမှာ မွန်ပြည်နယ်တော့ အေးချမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

    ၎င်းပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် တစ်ဖက်နှင့် တစ်ဖက် သူနိုင် ကိုယ်နိုင် လုပ်ဆောင်နေခြင်းသည် ပြည်သူလူထုလည်း စိတ်မအေးရကြောင်း၊ မိမိတို့၏ နိုင်ငံရေးပြဿနာများကို ပြည်တွင်းအင်အားစုများကသာ ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်အာဏာသိမ်းမှုကို လက်မခံသည့် ဒီမိုကရေစီလိုလားသူတို့က လက်နက်ကိုင်ပြီး ဒေသအသီးသီးတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

    တဖက်တွင်လည်း စစ်အုပ်စုသည် NCA အပစ်ရပ်စာချုပ်ကို အမည်ခံပြီး ဟန်ပြလုပ်ငန်းစဉ်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲတို့သည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံးထိန်းချုပ်နိုင်ရေး၊ တရားမှုရှိရန် ကြိုးပမ်းနေခြင်းတို့သာဖြစ်သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် ၆ ဖွဲ့က ထုတ်ပြန်ထားသည်။

    နိုင်ငံတစ်ဝှမ်းဖြစ်ပွားလာနေသည့် စစ်ရေးနှင့်အတူ မွန်ဒေသတွင်လည်း မွန်လက်နက်ကိုင် တော်လှန်ရေးအင်အာစုပူးပေါင်း မဟာမိတ်တို့ စစ်ရေးဖော်ဆောင်မှုမှာ ပိုမိုကျယ်ပြန့်လာနေသည်။

    တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး တိုက်ပွဲဖော်ဆောင်လျက်ရှိနေပြီး မွန်ဒေသအပါအဝင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks