spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်ပို့ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၇၀၀ ကျော်အနက် လူငယ်အများစု စစ်မှုထမ်းနေရ

    ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်ပို့ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၇၀၀ ကျော်အနက် လူငယ်အများစု စစ်မှုထမ်းနေရ

    -

    ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရမှ ရနောင်းထိန်းသိမ်းရေးစခန်းမှတစ်ဆင့် ကော့သောင်းသို့ ယခုနှစ်အတွင်း လူဦးရေ ၁၇၆၀ ဦးအထိ ပို့ဆောင်ထားပြီး စစ်မှုထမ်းအသက်အရွယ်အတွင်း အကျုံးဝင်သူများ နေရပ်သို့ပြန်မရောက်ဘဲ စစ်မှုထမ်းနေရကြောင်း FE-5 တနင်္သာရီအဖွဲ့၏ အချက်လက်များအရ သိရသည်။

    ရနောင်းခရိုင်၊ ရနောင်းမြို့၊ လူဝင်မှု ကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် IDC ( Immigration Detention Center )၌ ထိန်းသိမ်းထားရှိသောမြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလဆန်းပိုင်းအထိ ၁၂ ကြိမ်အထိ စေလွှတ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ အပါအဝင်အခြားရောဂါပိုးများ ကူးစစ်ခံရမှုရှိ/မရှိစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ တရားခံပြေးများ၊နိုင်ငံခြားသားများပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးပြီးနေထိုင်ရာ နေရပ်‌ဒေသ အသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု စစ်ကော်မရှင်ဘက်မှ ဆိုသော်လည်း အမျိုးသားအများစု နေရပ်သို့ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

    ပျောက်ဆုံးနေသူများအနက် ရေးမြို့နယ် မော့ကနင်ဒေသခံနှစ်ဦးသည် စစ်မှုထမ်းသင်တန်းသို့ရောက်ရှိနေကြောင်း၊ မိဘအုပ်ထိန်းသူများနှင့် အဆက်သွယ်ရရှိသော်လည်း အိမ်ပြန်ခွင့်မရဘဲ စစ်ကော်မရှင်တပ်အတွင်း တာဝန်ထမ်းဆောင်နေရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက IMNA ကို ပြောသည်။

    ပုံ-ထိုင်းသတင်းဌာန

    “သူတို့ဖမ်းလိုက်ပြီးရင် စစ်သင်တန်းပေးတက်ခိုင်းတယ်။ စစ်သင်တန်းဆင်းတဲ့အချိန်မှ အိမ်ကိုဖုန်းဆက်လာတယ်။ အဲ့အချိန်မှ အိမ်ကမိသားစုဝင်တွေသိကြတယ်။ ဖုန်းခေါ်လို့ရပေမဲ့လည်း လူကိုယ်တိုင် သူတို့မပေးတွေ့ဘူး။ အိမ်ကိုလည်းပြန်ခွင့်မရဘူး။” ဟု ဆိုသည်။

    အခြေခံစစ်ပညာသင်တန်းကို အနည်းအကျဉ်းသာ ပို့ချပေးပြီးနောက် အရှေ့တန်းစစ်မျက်နှာကို စေလွှတ်ခံနေရကြောင်း ပြန်လည်လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမားများအား တရားဝင်အလုပ်လုပ်ခွင့်ရနိုင်မည့် ကဒ်ကိုလုပ်ဆောင်ပေးနေသည့်အချိန်ဖြစ်သည့်အတွက် နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသူ နေ့စဉ်ရာနှင့်ချီရှိနေသလို ဖမ်းစီးစစ်ဆေးမှုကိုလည်း တင်းကြပ်လျှက်ရှိသည်။

    ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၇၆၀ ဦးရှိသည့်အပြင် တရားမဝင်ရောက်မှုရှိကြောင့် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ အဖမ်းခံထိန်းသိမ်းခံရဆဲဖြစ်သည့် မြန်မာနိုင်ငံသား ၁၂၀၀ အထိရှိကြောင်း FE-5 တနင်္သာရီအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

    “ဒီ၂၀၂၅ ခုနှစ်အတွင်းမှာ နေရပ်ပြန်ပို့တာ ၁၂ ကြိမ်ရှိသွားပြီး။ ၁၂ ကြိမ်မှာ လူပေါင်း ၁၇၆၀ ပြန်ပို့ထားတယ်။ ဘတ်ဖွင့်ပြီးဆိုတာနဲ့ တစ်ဖက်ကဖမ်းဆီးမှုလည်း ပိုတင်းကျပ်လာတယ်။ ဘတ်ဖွင့်အချိန်မှာ ဝင်လာတဲ့သူတွေ ပိုများလာတယ်။ ဖမ်းဆီးမှုကလည်းပိုများလာတယ်။” ဟု ဆိုသည်။

    စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့်နှင့် စားဝတ်နေရေးအခြေနေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသားများ နယ်စပ်ဒေသ ဘုရားသုံးဆူမြို့ရှိ ပွဲစားအိမ်တွင် လူဦးရေ ရာဂဏန်းနှင့်ချီ သောင်တင်နေကြောင်းတွေ့ရသည်။

    FE-5 တနင်္သာရီ၏ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ မြန်မာနိုင်ငံသားကိုများကို နေရပ်ပြန်ပို့ဆောင်ခဲ့သည်မှာ စုစုပေါင်း ၁၄ ကြိမ်အထိရှိပီး အရေအတွက်အားဖြင့် ၂၀၀၅ ဦးအထိရှိကြောင်းလည်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks