spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းရန်ကုန်ရှိ မွန်လူငယ်မျိုးဆက်သစ်များအတွက် "မွန်ရိုးရာ အခြေခံအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်း"ကို ဖွင့်လှစ်သင်ကြား

    ရန်ကုန်ရှိ မွန်လူငယ်မျိုးဆက်သစ်များအတွက် "မွန်ရိုးရာ အခြေခံအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်း"ကို ဖွင့်လှစ်သင်ကြား

    -

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွန်လူငယ်မျိုးဆက်သစ်များအတွက် “မွန်းရိုးရာ အခြေခံအကနှင့် မွန်တူရိယာ အတီးမွမ်မံသင်တန်း” ကို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ ဦးစီး၍ နှစ်လတာ သင်ကြားပေးသွားရန်ရှိကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

    ရန်ကုန်မြို့ပေါ်တွင် နေထိုင်သည့် မွန်လူမျိုးများသည် အခြားတိုင်းရင်းသားလူမျိုး ပေါင်းစုံကြားတွင် နေထိုင်ရသည့်အတွက် ဘာသာစကားနှင့် ယဉ်ကျေးမှုများကို မထိန်းသိမ်းပါက ပျောက်ကွယ်သွားနိုင်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းသူများမှ သတိပေးပြောဆိုလျှက်ရှိသည်။

    ထို့ကြောင့် ရန်ကုန်မြို့အတွင်းရှိ ကျောင်းနေအရွယ်လူငယ်များကို ပြီးခဲ့သည် သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်သည့် အောက်တိုဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၃၀ အထိ "မွန်ရိုးရာ အခြေခံအကနှင့် မွန်တူရိယာ အတီးမွန်းမံသင်တန်း"ကို သင်ကြားပေးသွားမည်ဖြစ်ပြီး၊ လက်ရှိတွင်လည်း မွန်လူငယ်များသည်လည်း စိတ်ပါဝင်စားစွာလာရောက်သင်ကြားနေကြကြောင်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ပုံ- မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)

    “မွန်ရိုးရာဓလေ့အဆို၊ အက၊အတီးတွေရန်ကုန်မှာရှိနေတဲ့ကလေးတွေကိုလည်းသိစေချင်တယ်၊ မပျောက်သွားစေချင်ဘူး၊ သူတို့ဘာမှမသိဘဲဖြစ်သွားမှာစိုးတယ်။ တိုင်းရင်းသားပေါင်းစုံရှိတဲ့မြို့ကြီးမှာ ဗမာတွေ အကြားမှာရှိနေကြတယ် စကားပြောတာလည်း ဗမာလိုပဲပြောကြတဲ့အခါ မွန်စာလည်းမရဘူး။ နယ်မှာတော့မွန်တွေအချင်းချင်းပဲထိတွေ့ဆက်ဆံနေရတော့ ဒီလောက်အထိမဝေးကွာဘူး"ဟု ဆိုသည်။

    ရန်ကုန်မြို့အတွင်းရှိ မွန်လူမျိုးများအနေဖြင့်လည်း နောက်ပိုင်းတွင် လက်ထပ်ထိမ်းမြားမင်္ဂလာပွဲများ၊ ရှင်ပြုလှည့်လည်ခြင်းနှင့် ပွဲအခမ်းအနားတို့တွင်လည်းမွန်ယဉ်ကျေးမှုအက၊ ရိုးရာဓလေ့ တို့ကိုထည့်သွင်းလာကြသည်ဟု မွန်စာ/ယဉ်ကျေးမှုတာဝန်ရှိသူကဆက်ပြောသည်။

    “လူမျိုးနဲ့ဆိုင်တဲ့အခမ်းအနားကြီးပွဲကြီးတွေဆို သူတို့ထည့်သွင်းဖိတ်ကြားရင် ပြသခွင့်ရသွားမယ်ပေ့ါနော်။ ရန်ကုန်ကသူတွေဆိုတော့ အများဆုံးမှ ၃၀ ‌လောက်ပဲ တက်ကြတယ် ” ဟု ပြောသည်။

    ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က ကျင်းပသည့် "ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး"ဘုရားအနေကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲတွင်လည်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ အကအလှများဖြင့် ပါဝင်ဖျော်ဖြေခဲ့သေးကြောင်းလည်း သိရသည်။

    မွန်စာပေယဉ်ကျေးမှုကော်မတီ(ရန်ကုန်) သည် ၁၉၇၂ နှစ်ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး၊ နှစ် ၅၀ ကျော်ခန့် တည်တံ့နေခဲ့သော်လည်း တစ်နှစ်နှင့်တစ်နှစ် မတူညီသည့်အခြေအနေနှင့် နိုင်ငံရေးအပြာင်းအလဲများကြောင့် မွန်ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် သင်တန်းများကို ၃ နှစ်ဝန်းကျင်ခန့်သာ ဖွင့်လှစ်နိုင်ခဲ့သေးကြောင်းလည်း ဆိုသည်။

    စာပေနှင့်ယဉ်ကျေးမှုအပြင် နိုင်ငံရေးနှင့်ပတ်သက်မွန်လူမျိုးများ၏ အသိအမြင့် ကျယ်ပြန့်စေရန် မွန်စာပေယဉ်ကျေးမှုကော်မတီ(ရန်ကုန်)ကို ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ နှစ် ၅၀ တစ်လျှောက် မွန်ကျောက်စာသင်တန်း၊ သုတေသနသင်တန်း၊ ယဉ်ကျေးမှုအကသင်တန်း၊ ပြက္ခဒိန်ထုတ်ဝေဖြန့်ချိရေးနှင့် မွန်ဖတ်စာအုပ်များ ထုတ်ဝေခြင်းကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks