spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းNCA ၁၀ နှစ်ပြည့်အခမ်းအနား မတက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ တိုက်တွန်း

    NCA ၁၀ နှစ်ပြည့်အခမ်းအနား မတက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ တိုက်တွန်း

    -

    စစ်ကော်မရှင် ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့်အခမ်းအနားသို့ မတက်ရောက်ကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့က UN, ASEAN နှင့် နိုင်ငံတကာသံတမန်များကို ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။

    စစ်ကော်မရှင် ကျင်းပပြုလုပ်နေသည့် ဆွေးနွေးပွဲများနှင့် ရွေးကောက်ပွဲသည် အနှစ်သာရမရှိဘဲ ဟန်ပြသာဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများ မဖြေရှင်းနိုင်ကြောင်းကို အာဆီယံနှင့် နိုင်ငံတကာ သိရှိရန် လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

    “သူတို့က ဟန်ပြလုပ်နေတာ ဖြစ်တယ်။ ဘာဆွေးနွေးပွဲလုပ်လုပ်၊ အနှစ်သာရက မရှိတော့ဘူး။ ဒီဟာက အာဆီယံနိုင်ငံတွေ၊ UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ သိဖို့ လိုအပ်တယ်။ သိအောင်လည်း ကျနော်တို့ ထုတ်ပြန်လာတာ ဖြစ်တယ်။ ဟန်ပြရုံနဲ့ ငြိမ်းချမ်းရေးက တကယ်ရမှာ မဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကိုလည်း ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ အာဆီယံနိုင်ငံနဲ့ သူတို့အကြား သဘောတူညီချက် ၅ ချက်ကိုလည်း ဘာတစ်ခုမှ အကောင်အထည်မပေးနိုင်ခဲ့ဘူး။ သူတို့ရဲ့ စစ်အာဏာရှင် တည်မြဲရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ရေရှည်တည်တံ့ရေးကိုသာ သူတို့က ကြိုးပမ်းနေတာ။ ဒါတွေကို နိုင်ငံတကာအနေနဲ့ သူတို့ကို အသိအမှတ် မပြုဖို့၊ မထောက်ခံကြဖို့၊ အားလုံးပါဝင်မှ ဆွေးနွေးပွဲ လုပ်ဆောင်သင့်တယ်။ အခုသူတို့လုပ်နေတာက ကောင်းတဲ့နည်းလမ်းမဟုတ်သလို တော်လှန်ရေးပြည်သူတွေကလည်း ထောက်ခံအားပေးနေတာ မရှိဘူး” ဟု ဆိုသည်။

    ပြည်သူလူထုကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်ပြီး လူငယ်များကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းပြုလုပ်နေသည့်

    စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြၚ်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာ ရောက်သည့်အတွက် NCA ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသကြရန် အဖွဲ့အစည်း ၆ ဖွဲ့က နိုင်ငံတကာကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

    NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ NCA လက်မှတ်ထိုးချိန်တုန်းက ပါဝင်ခဲ့သည့် နိုင်ငံတကာအသိသက်သေများ တက်ရောက်ရန်သည်ဆိုပြီး စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီကလည်း “ကျနော်တို့အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တဲ့အချိန်တွေမှာ ကောင်းကောင်းမွန်မွန်မလုပ်ဘဲနဲ့ ဖျက်လို ဖျက်ဆီးလုပ်သွားတယ်။ ဒါက ပြောရမယ်ဆိုရင် အခုလုပ်နေတဲ့ဟာတွေက ဘာတစ်ခုမှ တရားမဝင်ဘူး။ NCA က ပျက်သွားပြီလို့ ပြောပြီးတာနဲ့ တောက်လျှောက်တိုက်ပွဲတွေ ဖြစ်နေတာ။ အဲဒါကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ အဲဒါကို ဘာမှ မဖြစ်ပါဘူးဆိုတဲ့ပုံစံနဲ့ စစ်ကော်မရှင်က ဟန်ဆောင်ပြီး လုပ်နေသေးတယ်။ ဆွေးနွေးပွဲတွေလည်း တောက်လျှောက်လုပ်နေတယ်။ သူတို့လုပ်တာကလည်း ဘာတစ်ခုမှ အောင်မြင်လာတာ မရှိဘူး။ မဟုတ်တဲ့ဟာတွေ လုပ်နေသရွေ့တော့ ရလဒ်ကတော့ အကောင်းထက် အဆိုးတွေက ပိုများလာမှာပဲ” ဟု ပြောသည်။

    ပူးတွဲကြေညာချက် ထုတ်ပြန်သည့် အဖွဲ့အစည်း ၆ ဖွဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP-AD)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။

    မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU, ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks