Thursday, March 19, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင် ထိုးစစ် သီပေါနယ်အထိ ရောက်ရှိလာ

    စစ်ကော်မရှင် ထိုးစစ် သီပေါနယ်အထိ ရောက်ရှိလာ

    -

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အထိကို စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်မှု ရောက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

    ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်သွားနိုင်သည့် စစ်ကော်မရှင်တပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာ လောင်ခွန်ရွာအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရှမ်းမြောက်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်

    “အဲဒီတိုက်ပွဲအခြေအနေကတော့ စကစဖက်က ထိုးစစ်ဆင်နေတာ ဟုတ်တယ်၊ အဲဒီ ကျောက်မဲကနေ သီပေါဖက်ပေါ့၊ အခုတော့ သတင်းအတိအကျတော့ ကျနော်တို့လည်း မရဘူးပေါ့လေ၊ မြေပြင်က လူတွေနဲ့ အဆက်အသွယ်က မရဘူး မနေ့ကနဲ့ တနေ့ကပေါ့၊ ဒါပေမဲ့ ဒီမနက်က ဒေသခံတစ်ယောက်နဲ့ ရတယ်။ သူတို့ပြောတာတော့ အဲဒီ လောင်ခွန်ရွာအထိ စကစတွေ ရောက်လာပြီ။ အဲဒီလောင်ခွန်ရွာဆိုတာက ကျင်သီတံတားအနီးက ရွာပေါ့၊ အဲဒီနားအထိ ရောက်လာပြီ” ဟု ပြောသည်။

    စစ်ကော်မရှင်တပ်နှင့် TNLA  နှစ်ဖက်စစ်ရေးအခြေအနေများကို သိရှိနိုင်ရေး TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

    စစ်ကော်မရှင်တပ်သည် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြို့များကို ပြန်လည်ထိန်းချုပ်လို၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် မိမိတို့ကို အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း လွေးယေဦးက ယခုလအစောပိုင်းတွင် IMNA ကို  ပြောကြားထားသည်။

    လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့က စစ်ဆိုင်ထားသည့် အခြေအနေဖြစ်ကြောင်း၊ သီပေါနယ်စပ်အထိ စစ်ကော်မရှင်တပ်ဖွဲ့များ ရောက်ရှိနေကြောင်း ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

    “လောလောဆယ်ကတော့ သီပေါထဲကို သူတို့က ဆိုင်ထားတုန်းဗျ၊ မြေပြင်သတင်းအရပေါ့နော်၊ ဒေသခံတွေရဲ့ ပြောပြချက်အရ သူက သီပေါနယ်ထဲကို ဝင်ခါစပဲ ရှိသေးတယ်၊ သိရလောက်ကတော့ သီပေါထဲကို မဝင်နိုင်သေးဘူးဗျ၊ သီပေါထဲကို မဝင်နိုင်သေးဘူး။ အစပ်လေးမှာပဲ ရှိသေးတယ်၊ ကျနော်တို့ သိရတာတော့ အဲလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

    ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားသော သီပေါ၊ မိုးမိတ်၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးမှုများ၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

    တဖက်မှာလည်း TNLA အပေါ် တရုတ်၏ ဖိအားပေးမှုအရ စစ်ကော်မရှင်တပ်၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ များ နှင့် TNLA ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများ ရှိနေသလို ယခုလ အေက်တိုဘာအတွင်း ထပ်မံတွေ့ဆုံရန် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks