spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းထီးခီးဒေသကို စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေ

    ထီးခီးဒေသကို စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ

    အောက်တိုဘာ ၁၀၊ ၂၀၂၅

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ ထိုင်း- မြန်မာနယ်စပ် ထီးခီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်လာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တာဝန်ရှိသူတို့က ပြောသည်။

    ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ထီးခီးကျေးရွာထဲကို စစ်ကော်မရှင်တပ်က

    ဂျက်ဖိုက်တာ FTC-2000G ဖြင့် ၂ ကြိမ်‌ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်လက်နက်ဖြင့်လည်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ခုခံကာကွယ်နေသောကြောင့် မြေပြင်ထိုးစစ် မဆင်နိုင်သည့်  စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှု ပြုလုပ်နေကြောင်း KNU တပ်မဟာ ၄ တာဝန်ခံ ပဒိုစောအယ်နားက ပြောသည်။

    “မြေပြင်စစ်‌ကြောင်းထိုးတာမရှိဘူး။ ဟိုတနေ့တော့ နှစ်ကြိမ် ကြဲချထားတယ်။ ဒီနေ့လည်း ထပ်ပြီး

    ကြဲချထားသေးတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိတယ်။ မြေပြင် စစ်ကြောင်းကလည်း

    တော်လှန်ရေးပူးပေါင်းဘက် မတိုးနိုင်အောင် ခုခံကာကွယ်နေတာပေါ့နော်။ စစ်ကြောင်းထိုးဖို့ လေယာဉ်နဲ့ ကြိုပြီးတော့ ရှင်းတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကို ပစ်မှတ်ထား လိုက်ချတယ်။ အထူးသဖြင့် ပြည်သူလူထု တွေနေလို့မရအောင်လည်း လုပ်နေတယ်”ဟုပြောသည်။

    လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထီးခီးကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိသည်ဟု သိရသည်။

    တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးကလည်း “ထီးခီးနဲ့ အနီးနားရွာက စစ်‌ရှောင်တွေက တောတောင်၊

    ဥယျာဉ်ခြံတွေမှာ အဆင်ပြေသလိုပဲ ရှောင်နေရတယ်။ ထပ်ကြဲနေတော့ မပြန်ဖြစ်‌သေးပါဘူး”ဟု ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း ထီးခီးကျေးရွာထဲကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်ဖြင့်

    ဆယ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်

    စစ်ကော်မရှင်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထီးခီးဒေသခံ ၃၅၀ ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ထီးခီးနယ်စပ်သည် ထိုင်း- မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးစခန်း အဓိက ၆ ခုထဲတွင် ပါဝင်နေသောကြောင့် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်သ ိမ်းပိုက်လိုသည့်အ‌နေအထားဖြစ်နေကြောင်း

    အဆိုပါဒေသရှိ မြေပြင်တော်လှန်ရေးတာဝန်ခံတစ်ဦး ပြောဆိုသည်။

    photo credit – KNU

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks