spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းချောင်းဦးဗုံးကြဲခံရမှု ဒဏ်ရာရသူများ ဆေးဝါးမလုံလောက်မှုကြောင့် ထပ်မံသေဆုံးမှုများရှိနေ

    ချောင်းဦးဗုံးကြဲခံရမှု ဒဏ်ရာရသူများ ဆေးဝါးမလုံလောက်မှုကြောင့် ထပ်မံသေဆုံးမှုများရှိနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ

    အောက်တိုဘာ ၁၀၊ ၂၀၂၅

    စစ်တိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူများ ဆေးဝါးမလုံလောက်မှုကြောင့် ထပ်မံသေဆုံးမှုများ ရှိနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

    ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် အောက်တိုဘာလ ၆ ရက်နေ့ည (သီတင်းကျွတ်လပြည့်နေ့ည) တွင် မီးထွန်းသပိတ်ဆင်နွှဲနေသည့် အရပ်သားပြည်သူများအပေါ်ကို စစ်ကော်မရှင်တပ်က ပါရာမော်တာ (စက်တပ်လေထီး)ဖြင့် ဗုံကြဲတိုက်ခိုက်ခဲ့သည်။

    စစ်ကော်မရှင်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး၊ ၅၀ နီးပါးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

    ပြင်းထန်ဒဏ်ရာရရှိသူများကို ကုသရန် ဆေးဝါးလုံလောက်မှု မရှိသည့်အတွင် ထပ်မံသေဆုံးမှုများ ရှိနေကြောင်း အောက်တိုဘာ ၃ ရက်နေ့အထိ ထပ်မံသေဆုံးသူ ၃ ဦးထက်မနည်းရှိနေကြောင်း

    “လူတွေက ထပ်ပြီးသေနေတုန်းဗျ။ အရေအတွက်အတိအကျက အခုထိကို မသိရသေးဘူး။ ရွာပေါင်းစုံက လာကြတာဆိုတော့ အဲဒီလိုဖြစ်ပြီး အကုန်ပြန်ကြတာလေ။ သေချာတာကတော့ ၂၀ ကျော်ရှိတယ်။ မနေ့ကထိ ၃ ယောက် ထပ်ဆုံးတယ်။ အဓိကကဗျာ ဒဏ်ရာတွေကပြင်းထန်တာ ဘာမှကိုလုပ်မရတော့ဘူး။ ဒီကြားထဲဆေးကပါ မရှိဘူးလေ။ ဆေးဝါးကုသမှု ရရင်တောင် မျှော်လင့်လို့ရသေးတယ်။ အခုက သေဖို့ ထိုင်စောင့်နေရသလိုပဲ”ဟု သပိတ်အင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်က မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးနယ်မြေများသို့ စားသောက်ကုန်များ၊ ဆေးဝါးများ မစီးဆင်းနိုင်ရန် ပိတ်ဆို့ထားသည့်အတွက် ဒေသတွင်း ဆေးဝါးပြတ်မှု ကြုံတွေ့နေရသည့်အခြေအနေ ဖြစ်သည်။

    “ဘာဆေးမရှိတာလဲဆိုရင် ဘာဆေးမှကို မရှိတာ။ ပါရီစီတမောတောင် လုံလုံလောက်လောက်မရှိတဲ့နေရာမှာ အခု ဘာနဲ့ ကုကြမလဲ။ ကျနော့်ခြေထောက်ဆိုလည် းထိထားတာ။ ပုစိုးစနဲ ့စည်းထားရတယ်။” ဟု ကိုယ်တိုင်ကြုံတွေ့နေသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ချောင်းဦး လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ နီးပါးအထိ ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks