spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဆန္ဒမဲပြုလိုသူ ပြည်သူလူထုများ ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ဆောင်ရွက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ထုတ်ပြန်

    ဆန္ဒမဲပြုလိုသူ ပြည်သူလူထုများ ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ဆောင်ရွက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ထုတ်ပြန်

    -

    စစ်ကော်မရှင်ရွေးကောက်ပွဲတွင်  ဆန္ဒမဲပြုလိုသူ ဒေသခံပြည်သူလူထုများ ထိခိုက်နစ်နာမှုမရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့မှ ပူးပေါင်းထုတ်ပြန်ထားသည်။

    စက်တင်ဘာ ၂၈ ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ်(BGF/KNA)နှင့်  ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့မှ  တွေ့ဆုံဆွေးနွေးမှုအရ ထုတ်ပြန်ထားခြင်းဖြစ်သည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည့် ပဋိပက္ခပေါင်းစုံကိုဖြေရှင်းနိုင်မည့် ဒီမိုကရေစီနည်းလမ်းကျသော ပြည်သူ့ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ပြီး ကရင်ပြည်နယ်နှင့် ပြည်သူလူထုများ၏ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မည်ဟု ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ယူဆကြောင်း ဆိုသည်။

    သာမန်အခြေအနေမဟုတ်သော နိုင်ငံရေးအခင်းအကျင်းအောက်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သဖြင့် ပြည်သူလူထုများ၏ ငြိမ်းချမ်းမှုကိုရှေ့ရှုသွားမည်ဖြစ်ကြောင်း (KNU/KNLA-PC)မှ အထွေထွေအတွင်းရေးမှုး ဗိုလ်မှုးကြီး စောကျော်ညွန့်က IMNA ကို ပြောသည်။

    "နိုင်ငံရေးအင်အားစုတွေကြားထဲမှာပဲဖြစ်ဖြစ်၊ အမြင်ကလည်း အမျိုးမျိုးရှိနေတဲ့အချိန်ကာလတစ်ခုအောက်မှာ ရွေးကောက်ပွဲမှာနောက်ထပ် ပြည်သူလူတုတွေအတွက် အခက်အခဲပြဿနာတွေ ထပ်မံမပေါ်ပေါက်လာဖို့အတွက် ကိုယ်ရှိနေတဲ့နေရာဒေသမှာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုကိုရှေ့ရှုပြီးတော့ ကူညီဆောင်ရွက်ဖို့ကို မနေ့ကတင်ပြဆွေးနွေးမှုမှာတော့ ပါရှိပါတယ်"ဟု ဆိုသည်။

    ထို့ကြောင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပြုမည့် ကရင်ပြည်နယ်မှ ဒေသခံပြည်သူများ၏ သဘောဆန္ဒကို အလေးထားအသိအမှတ်ပြု၍ မိမိတို့ ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်၍ ကာကွယ်စောင့်ရှောက်သွားမည်ဟု ဖော်ပြထားသည်။

    သို့သော် ပြည်သူများ၏လုံခြုံရေးအတွက် မည်သို့ဆောင်ရွက်သွားမည့်အကြောင်းနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲအတွင်း မည်သို့ပူးပေါင်းပါဝင်သွားမည့်အသေးစိတ်အကြောင်းကို ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ပြောဆိုထားခြင်းမရှိသေးပေ။

    ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအကြောင်းအပြင် ဒေသတွင်းငြိမ်းချမ်းရေးအတွက် အဓိက ဆွေးနွေးအဖြေရှာခဲ့ကြောင်းလည်း ဗိုလ်မှုးကြီးစောကျော်ညွန့်မှ ဆိုသည်။

    ယခင်က ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအခင်းအကျင်းအရ ငြိမ်းချမ်းရေး‌ တွေ့ဆုံမှုတွင် KNU မပါဝင်နိုင်ခဲ့ကြောင်းလည်း တက်ရောက်ခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ တာဝန်ရှိသူများမှ သိရသည်။

    တစ်ဖက်တွင်လည်း စစ်အုပ်စု၏ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်နေသဖြင့် ကရင်လက်နက်ကိုင်အဖွဲ့များ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်သုံးသပ်စေလိုကြောင်းလည်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များးမှ တိုက်တွန်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks