Homeသတင်းရေးမြို့နယ် ဒူးယားကျေးရွာတွင် ချောင်းရေလျှံပြီး နေအိမ်အတွင်းရေဝင်ရောက်

ရေးမြို့နယ် ဒူးယားကျေးရွာတွင် ချောင်းရေလျှံပြီး နေအိမ်အတွင်းရေဝင်ရောက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာတွင် ချောင်းရေလျှံမှုကြောင့် နေအိမ်အတွင်း ရေဝင်ရောက်နေပြီး အလယ်ပိုင်း၊အရှေ့ပိုင်းနှင့် အနောက်ပိုင်းရပ်ကွက်နေထိုင်သူများ ပြောင်းရွှေ့မှုလုပ်ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ည ၈ နာရီအချိန်အထိ ရေထပ်မံမြင့်တက်လာနေဆဲဖြစ်သဖြင့် အိမ်အောက်ထပ်ရှိပစ္စည်းများ အပေါ်ထပ်သို့ အရေးပေါ်ပြောင်းရွှေ့နေကြရပြီး ဒေသခံများလည်း ရေအတက်အကျအခြေအနေ စောင့်ကြည့်နေရကြောင်း သိရသည်။

ဒူယာကျေးရွာတွင် ပြီးခဲ့သည် စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒူးယားရွာချောင်းရေလျှံကာ ရေစတင်ဝင်ရောက်ဝင်လာခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် မြစ်ရေနှင့် ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်သည်ဟုလည်း ယနေ့စက်တင်ဘာ ၂၄ ရက်နေ့နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင်လည်း နောက် ၂ ရက်အထိ မိုးဆက်လက်ပိုနေမည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts