spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမော့ကနင် ကုန်းပေါ်ရွာသစ်တွင် အုတ်စင်ပြိုကျပြီး ကျောင်းသား ၃ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

    မော့ကနင် ကုန်းပေါ်ရွာသစ်တွင် အုတ်စင်ပြိုကျပြီး ကျောင်းသား ၃ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီး မော့ကနင်ကုန်းပေါ်ရွာသစ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်တွင် အုတ်ဖြင့် ဆောက်ထားသည့်စင် ပြိုကျပြီး ကျောင်းသား ၃ ဦး သေဆုံးကာ ကျောင်းသား ၃ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မော့ကနင်ကုန်းပေါ်ရွာသစ် ဘောလုံးကွင်းတွင် ဆောက်ထားသည့် အုတ်စင်သည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြိုကျသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    အုတ်စင် ပြိုကျချိန်တွင် ဘောလုံးဖွင့်ပွဲအခမ်းအနားအတွက် ကျောင်းသား၊ ကျောင်းသူများက ဘောလုံးပွဲ ကြည့်ရန် စင်ပေါ် ရောက်ရှိနေကြချိန်ဖြစ်သည့်အတွက် ကျောင်းသားများ ထိခိုက် သေဆုံးမှု ရှိခဲ့သည်။

    photo credit – နှစ်ကရင်လူမှုကယ်ဆယ်ရေးအဖွဲ့

    ဒေသခံတစ်ဦးက “စင်ကို အရင်က မွန်အမျိုးသားနေ့အတွက် ကွန်ကရစ်တိုင်တွေ အုတ်တွေနဲ့ ဆောက်ထားတာပါ။ ဒီနေ့တော့ ဘောလုံးပွဲ ဖွင့်ပွဲအတွက် သုံးတဲ့အချိန်မှာ ပြိုကျသွားတာ၊ တိုင်တွေလည်း ပြိုကျသွားတာကြောင့် ကျောင်းသား ၃ ဦးက သေဆုံးတယ်။ ကျန်တဲ့ ကျောင်းသား ၃ ဦးနဲ့ ဒီက ရွာသားတစ်ဦးက ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု ပြောသည်။

    သေဆုံးသူကျောင်းသား ၃ ဦးကို လမိုင်းမြို့ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဒဏ်ရာရသူ ၄ ဦးကို လမိုင်းမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ် ဆေးကုသနေကြောင်း၊ ဒဏ်ရာရသူများထဲမှ ၂ ဦးသည် ဒဏ်ရာ ပြင်းထန်နေကြောင်း နီးစပ်သူများက ပြောသည်။

    “ခုတော့ သေဆုံးသူရဲ့ အလောင်တွေကို ရွာကို ပြန်ပို့ထားပြီး၊ ဒဏ်ရာရသူတွေကတော့ လမိုင်ဆေးရုံမှာ ဆက်လက်ကုသပေးနေတယ်။ နှစ်ဦးက ဒဏ်ရာ ပြင်းထန်နေတယ်” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

    သေဆုံးသူများနှင့် ဒဏ်ရာရသူများသည် မော့ကနင်ကုန်းပေါ်ရွာသစ် အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် ၁၃ နှစ်မှ ၁၄ နှစ်အရွယ်၊ ၆ တန်းနှင့် ၇ တန်းကျောင်းသားများ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks