Homeသတင်းဘီးလင်းမြစ်ရေ မြင့်တက်လာပြီး ရေကြီးနိုင်ဟု မိုးဇလ သတိပေးထုတ်ပြန်

ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး ရေကြီးနိုင်ဟု မိုးဇလ သတိပေးထုတ်ပြန်

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်သည်။

မိုးဇလ၏ ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့် ရောက်ရှိနေသည်ဟု ဖော်ပြသည်။

အဆိုပါ မြစ်ရေသည် နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြု နေထိုင်ရန် မိုးဇလက ထုတ်ပြန်ထားသည်။

မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန်လည်း မိုးဇလက နှိုးဆော်ထားသည်။

ဘီးလင်းမြစ်ရေနည်းတူ စစ်တောင်းမြစ်ရေ၊ ပဲခူးမြစ်ရေး၊ သံလွင်မြစ်ရေတို့လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေသလို တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ၏ အရှိန်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် နောက် ၂ ရက်အထိ မိုးဆက်လက်ပိုနေမည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts