Homeသတင်းကော့သောင်းတွင် ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ကျောင်းသားတစ်ဦး သေဆုံး

ကော့သောင်းတွင် ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ကျောင်းသားတစ်ဦး သေဆုံး

-

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အေးရိမ်ငြိမ်ရပ်ကွက်တွင် ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၈ နာရီကျော်အချိန်ခန့်က ကော့သောင်းမြို့၊ အေးရိမ်ငြိမ်ရပ်ကွက် ပေါ်ဦးအောက်လမ်းရှိ ရေခဲစက်အဝင်လမ်းတွင် ဆီဘောက်ဆာယာဉ်နှင့် ကျောင်းသားလူငယ်တစ်ဦး စီးလာသည့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကလေးကို ဘယ်လိုမှ ခေါ်မရ၊ လှုပ်မရတော့ဘူး။ အကိုတို့ကို လူမှုကယ်ဆယ်ရေးတွေက အနားမကပ်ခိုင်းတော့ ဘယ်လိုထိထားလဲဆိုတာက သေချာတော့ မသိဘူး။ အဝေးကနေပဲ ကြည့်လိုက်ရတယ်။ ပတ်ဝန်းကျင်တွေက သေသွားပြီးလို့ ပြောတာပဲ။ သုခရေခဲစက်အကွေ့နားမှာက ယာဉ်တွေ ခနခန တိုက်ကြ၊ မှောင်နေကြတယ်။ အဲအကွေ့ရောက်ရင် ဂါထာပါ ရွတ်နေရတယ်” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ကျောင်းသားသည် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက် ၁၆ နှစ်အရွယ်ရှိ ရှစ်တန်းကျောင်းသား မောင်ပြည့်ဦးပိုင်ဖြစ်သည်ဟု Dawei Watch သတင်းဌာက ရေးသားဖော်ပြထားသည်။  

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့ခံအချို့က ဆိုင်ကယ်စလစ်ဖြစ်ရာမှ တိုက်မိကြသည်ဟု ပြောဆိုနေကြသလို အချို့က ဆိုင်ကယ်က ဆီဘောက်ဆာယာဉ်ကို ဝင်တိုက်သည်ဟု ပြောဆိုနေကြသည်လည်း ရှိသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကျောင်းသား၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့၏ အကူအညီဖြင့် ကော့သောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts