spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်လွတ်မြောက်ရေးတပ်တော် (MLF)နှင့် ရာမညမွန်တပ်တော် (NMSP-AD/RMA)တို့ ပေါင်းစည်းကြောင်း ထုတ်ပြန်

    မွန်လွတ်မြောက်ရေးတပ်တော် (MLF)နှင့် ရာမညမွန်တပ်တော် (NMSP-AD/RMA)တို့ ပေါင်းစည်းကြောင်း ထုတ်ပြန်

    -

    အာဏာသိမ်း စစ်ကော်မရှင်ကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်များဖြစ်သည့် မွန်လွတ်မြောက်ရေးတပ်တော်(MLF)နှင့် ရာမညမွန်တပ်တော် (NMSP-AD/RMA)တို့  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ပေါင်းစည်းလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။

    စစ်အာဏာရှင်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် မွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်ဖြင့် ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

    ပေါင်းစည်းခဲ့ကြသည့် မွန်လွတ်မြောက်ရေးတပ်မတော်(MLF) ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များသည် ရာမညမွန်တပ်တော် (NMSP-AD/RMA)၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

    ၎င်းအပြင် မွန်လူမျိုးများမျှော်လင့်နေသည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရန်လည်း ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့်  ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

     ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ပေါင်းစည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ရာမညမွန်တပ်တော်ကို  ဖွဲ့စည်းလိုက်ဟု အသိပေးကြေညာခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks