Homeသတင်းတရားမဝင်ဝင်ရောက်လာစဉ် လှေမှောက်သေဆုံးခဲ့ရသည့် မြန်မာရွေ့ပြောင်းလုပ်သား ၃ ဦး၏ အလောင်းတွေ့ရှိ

တရားမဝင်ဝင်ရောက်လာစဉ် လှေမှောက်သေဆုံးခဲ့ရသည့် မြန်မာရွေ့ပြောင်းလုပ်သား ၃ ဦး၏ အလောင်းတွေ့ရှိ

-

ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ စံခလပူရီခရိုင်အတွင်းရှိ လောင်ကွန်း(ခေါ်) ကန်ချနပူရီရေလှောင်ကန်တွင် လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသည့် ရွေ့ပြောင်းလုပ်သား ၃ ဦး၏ ရုပ်အလောင်းကို ယမန်နေ့ စက်တင် ၁၂ ရက်နေ့က ဒေသခံများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့များ၏ ကနဦးစစ်ဆေးချက်အရ စက်တင်ဘာလ ၉ ရက်နေ့က စံခလပူရီခရိုင်ဘက်တွင် ရွေ့ပြောင်းလုပ်သား ၂၂ ဦးကို တင်ဆောင်လာသည့် လူမှောင်ခိုလှေတစ်စင်းသည် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွား၍ လှေပေါ်မှ အလုပ်သာမား ၃ ဦး ရေထဲပြုတ်ကျသွားခဲ့ရသည်ဟု ဆိုသည်။

ရုပ်အလောင်းများကို Khao Laem အမျိုးသားဥယျာဉ် ရိန်းဂျားစခန်းမှ မီတာ ၃၀၀ အကွာတွင် ယမန်နေ့ကစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ကမ်းတစ်လျှောက် ဆယ်ယူမှုပြုလုပ်ပြီးနောက် ဆေးရုံသို့ပို့ဆောင်ကာ ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်ပေးပို့ချက်များအရ စံခလပူရီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှုးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမျိုးသားဥယျာဉ် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင် ရေထဲသို့ ပြုတ်ကျသူအရေအတွက် အတိအကျနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူများထံတွင် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြားများကို ရှာဖွေတွေ့ရှိခဲ့ပြီး နေပြည်တော် တပ်ကုန်းမြို့နယ်က ဒေသခံပြည်သူများဖြစ်သည်ဟုလည်း ရွေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်နေသူများမှ လူမှုကွန်ရက်ပေါ်တွင် ပြောဆိုနေကြသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများသည် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှု ဆက်တိုက် ဖြစ်ပွားလျှက်ရှိကြောင်း ထိုင်းသတင်းဌာနများအတွင်း ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts