spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ရွှေ့ပြောင်းလုပ်သားများအပါအဝင် ဆောက်လုပ်ရေးလုပ်သား ၄၃ ဦးကို ထိုင်းအလုပ်ရှင်မှ လုပ်အားခဖြတ်တောက်ထား

    မွန်ရွှေ့ပြောင်းလုပ်သားများအပါအဝင် ဆောက်လုပ်ရေးလုပ်သား ၄၃ ဦးကို ထိုင်းအလုပ်ရှင်မှ လုပ်အားခဖြတ်တောက်ထား

    -

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စူကိုဝစ်ဆွယ်(၁)လမ်းပိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် မွန်ရွှေ့ပြောင်းလုပ်သားအပါအဝင် ဆောက်လုပ်ရေးလုပ်သား ၄၃ ဦးကို အလုပ်ရှင်မှ လုပ်အားခနှစ်လစာ ဖြတ်တောက်ထားသဖြင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

    ဆောက်လုပ်ရေးလုပ်သားများကို ဇူလိုင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ လုပ်အားခနှစ်လစာကို ထိုင်းလုပ်ငန်းရှင်မှ အကြောင်းပြချက်တစ်စုံတစ်ရာ မပေးပဲ ဖြတ်တောက်ထားသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

    အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းတွင် မွန်၊ ကရင်၊ ရခိုင် စသည့်တိုင်းရင်းသားပေါင်းစုံမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နေကြပြီး ဇူလိုင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ လုပ်အားခ ပေးချေခြင်းမရှိသဖြင့် အလုပ်သမား ၄၃ ဦး၏ နှစ်လစာ လုပ်အားခစုစုပေါင်း ဘတ် ၁၀ သန်းကျော်ကို အလုပ်ရှင်မှ ပေးဆောင်ရန်ရှိကြောင်း သိရသည်။

    လက်ရှိ လစာဖြတ်တောက်ခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ငွေရေးကြေးရေးနှင့် စာဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေရပြီး ပြည်တွင်းရှိ မိသားစုများထံမှ ငွေများပြန်ယူသုံးစွဲနေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ပုံ-WAG

    “လက်ရှိအချိန်မှာ သူတို့အတွက် စားဖို့အတွက် ငွေရေးကြေးရေးခက်ခဲနေတယ်။ အဓိကကတော့ လစာမရတာပေါ့နော်။ လစာမရတော့ သူတို့ လက်ရှိ အခန်းခတောင် မပေးရသေးဘူး။ စားဖို့အတွက် ခက်ခဲတာပေါ့။ စားဖို့ ရိက္ခာပြတ်တော့မယ်ပေါ့နော် အဲဒီလိုဖြစ်နေတယ်။ ပိုက်ဆံက သူတို့မြန်မာနိုင်ငံကနေပြီးတော့ ပြန်မှာတာရှိတယ်ပေါ့နော်” ဟု တာဝန်ရှိသူက ဆိုသည်။

    အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်ဝင်ရောက်လာသူများ ဖြစ်ပြီး CI စာအုပ် နှင့် ပန်းရောင်ကတ်အသစ် ကိုင်ဆောင်ထားသူများဖြစ်ကြသည်။

    သို့ရာတွင် လုပ်ခလစာများအပါအဝင် ၎င်းတို့၏ စာရွက်စာတမ်းများကိုလည်း ထိုင်းအလုပ်ရှင်မှ သိမ်းဆည်းထားသဖြင့် လုံခြုံရေးနှင့် သွားလာခွင့် အခက်အခဲများလည်း ကြုံနေရကြောင်း သိရသည်။

    ထို့ကြောင် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က လစာနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိစေရန်အတွက် ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်ပေးနေကြောင်း သိရသည်။

    “ကျနော်တို့အဖွဲ့အစည်းကို အကူအညီလာတောင်းတော့ သူတိုင်းက ကျွန်တော်တို့က နယ်မြေခံနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ရဲ့ လုပ်ခလစာ ပြန်လည်း ရရှိဖို့ရယ်၊ လက်ရှိ သူတို့ရဲ့စာရွက်စာတမ်းတွေကို သိမ်းဆည်ထားတဲ့ကိစ္စတွေပေါ့နော်။ အတတ်နိုင်ဆုံးထိုင်းအစိုးရဆီမှာ တောင်းဆိုပေးရမယ်ခင်ဗျာ”ဟု WAG အလုပ်သမားအဟာမိတ်အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

    လက်ရှိထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လစာပုံမှန်မရခြင်း၊ အလုပ်ရှင်များက စာရွက်စာတမ်းများ သိမ်းဆည်းထားခြင်းနှင့် အလုပ်ချိန်ကြာရှည်ပြီး အားလပ်ခွင့်မရခြင်းစသည့် အခွင့်အရေးချိုးဖောက်ခံရခြင်းများလည်း မကြားခဏ ကြုံတွေ့နေရကြောင်း သိရသည်။

    တစ်ဖက်တွင်လည်း မြန်မာရွေ့ပြောင်းလုပ်သားများ နယ်စပ်တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျှက်ရှိပြီး ထိုင်းအာဏာပိုင်များနှင့် နေ့စဉ်ဖမ်းဆီး ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts