spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းရာဖူးရွာတွင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

    ရာဖူးရွာတွင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက IMNA သို့ပြောသည်။

    ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။

    စစ်ကော်မရှင်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ရာဖူးကျေးရွာ နေအိမ်တစ်အိမ်သို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ် အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

    “မရမ်းချောင်းရွာမှာ အထိုင်ချထားတဲ့ တပ်ရင်း ၂၈၂ ကနေ ပစ်တာပါ။ ပြည်သူတွေကို အကြောက် တရားဖြစ်အောင် လုပ်နေတာပဲလို့ မြင်တယ်။ ထိခိုက်ဒဏ်ရာရထားတဲ့ သူကိုလည်း လုံခြုံရေးအရ လုံခြုံတဲ့နေရာကို ပို့ထားပေးပါတယ်”ဟု သူကပြောသည်။

    သေဆုံးသွားသည့် ကလေးငယ်သည် ဦးခေါင်းခွံတွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ ကလေးငယ်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

    ထို့အပြင် အဆိုပါကလေးငယ်၏ ဖခင်ဖြစ်သူကိုလည်း စစ်ကော်မရှင်အဖွဲ့က စက်တင်ဘာလ ၇ ရက် ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းအမြစ်မှ ပြောဆိုထားသည်။

    မည်သည့်အကြာင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပြန်လည်လွတ်မြောက်ခြင်းရှိ/မရှိ IMNA မှဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် စစ်ကော်မရှင်တပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၂ လနီးပါးခန့်ရှိကြောင်း၊ တော်လှန်ရေးမဟာမိတ်ပူးပေါင်းမှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks