spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမလွှဲတောင်-ကလိန်အောင် ကားလမ်းပိုင်းဖွင့်လှစ်သည့်ရက်အတွင်း ယာဉ်မောင်းနှင့်ယာဉ်အကူအမျိုးသား ၂ ဦး ကျည်စထိမှန်သေဆုံး

    မလွှဲတောင်-ကလိန်အောင် ကားလမ်းပိုင်းဖွင့်လှစ်သည့်ရက်အတွင်း ယာဉ်မောင်းနှင့်ယာဉ်အကူအမျိုးသား ၂ ဦး ကျည်စထိမှန်သေဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှဲတောင်-ကလိန်အောင် ကားလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်ရက်အတွင်း စစ်ကော်မရှင်ဘက်မှ ပစ်ခတ်မှုကြောင့်  ယာဉ်မောင်းနှင့်ယာဉ်အကူအမျိုသား ၂ ဦး ကျည်စထိမှန် သေဆုံးသွားခဲ့ရသည်ဟု မြေပြင်ရောက်တော်လှန်ရေးတပ်ဖွဲ့မှ ပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ရေး-ထားဝယ်ကားလမ်းမကြီး၊ မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းကို မွန်-ကရင်-တနင်္သာရီ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မိနစ်ပိုင်းအကြာတွင် စစ်ကော်မရှင်ဘက်မှ ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။

    မွန်-ကရင်-တနင်္သာရီ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ လမ်းပိုင်းပြန်လည်ဖွင့်ပေးလိုက်သည့်အပေါ် စစ်ကော်မရှင်က ပြည်သူများကို လူသားဒိုင်အဖြစ်အသုံးပြုကာ စစ်ဆင်ရေး လုပ်ဆောင်လာသည်ဟု နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ကိုစောဒါးကိုက IMNA ကိုပြောသည်။

    ပုံ- ပစ်ခတ်မှုဖြစ်သည့်နေရာတွင် မီးလောင်ကျွမ်းသွားသည့်ယာဉ်ကိုတွေ့ရစဉ်

    “ထိတွေ့ပစ်ခတ်တာမဟုတ်ဘူး။ စစ်ကော်မရှင်က ကလိန်အောင်ကနေတက်လာတဲ့ကားကို လှမ်းပိတ်ပစ်ပြီး မီးရှို့လိုက်တာနော်။ အဲဒီအချိန်က ကျနော်တို့တပ်လည်း မရမ်းချောင်းမှာ မရှိနေဘူး။ စစ်ကော်မရှင်က အကြောင်းမဲ့ပစ်သတ်တာ”ဟု ၎င်းက ပြောသည်။

    ပစ်ခတ်မှုအတွင်း ခြောက်ဘီးကုန်တင်ယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့်ယာဉ်အကူ အမျိုးသား ၂ ဦး ကျည်စထိမှန် သေဆုံးသွားခဲ့ပြီး ကုန်တင်ယာဉ်လည်း မီးလောင်ပျက်စီး သွားခဲ့ရကြောင်း သိရသည်။

    ထို့အပြင် အခြားယာဉ်မောင်းတစ်ဦးလည်း ကျည်စထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့ရသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

    မလွှဲတောင်-ကလိန်အောင်ကားလမ်းပိုင်းကို ဖွင့်လှစ်ပေးသည့်ရက်က စစ်ကော်မရှင်ဘက်မှပစ်ခတ်မှုကြောင့် ခရီးသည်များအပါအဝင် အခြားယာဉ်မောင်များလည်း ဘေးလွတ်ရာ အလျင်အမြန်ထွက်ပြေးခဲ့ရသော်လည်း ယနေ့တွင် ပုံမှန်သွားလာမှုရှိလာကြောင်း ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    "လမ်းအခြေအနေက ဒီပစ်ခတ်မှုကြောင့် ပြန်ပိတ်မယ်လို့ပဲကြားနေတာပဲ။ ဒါမဲ့ မနေ့ကရော ဒီနေ့ရော ကားအဆင်း၊ အတက် ပုံမှန်ပဲသွားလာနေကြတာ တွေ့တယ်” ဟု ပြောသည်။

    စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ၃ ရက်အတွင်းသာ အဆိုပါ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းကို  ဖွင့်လှစ်မည်ဟု ဆိုထားသော်လည်း၊ အခြေအနေအရ လမ်းပိုင်းအဖွင့်အပိတ် လုပ်ဆောင်မှုများကို ထပ်မံ အသိပေးသွားမည်ဟု တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ဆိုထားသည်။

    ယခုကာလအတွင်း ခရီးသွားနေရသည့်ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ အသိပေး၊ သတိပေးချက်များကို လိုက်နာပေးကြရန်၊ မဖြစ်မနေခရီးသွားရမည်ဆိုပါက သွားအလာဂရုစိုက်ကြရန် ဆက်လက်တိုက်တွန်းနှိုးဆော်ထားသည်။

    ရေဖြူဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် ပြင်းထန်းတိုက်ပွဲများနှင့် စစ်ကော်မရှင်မှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပြစ်ခတ်မှုများကြောင့်  အသက်အန္တရာယ်နှင့် ပျက်ဆီးဆုံးရှုံးမှုများလျှော့ချရန် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့မှစ၍ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းသွားလာခွင့်ကို ကန့်သတ်ထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks