spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းပုလောမြို့နယ် ထမင်းမစားရွာရှိ စစ်ကော်‌မရှင်တပ်စခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

    ပုလောမြို့နယ် ထမင်းမစားရွာရှိ စစ်ကော်‌မရှင်တပ်စခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

    -

    မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ထမင်းမစားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်မရှင်တပ်စခန်းကို KNLA တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ထမင်းမစားကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းတွင် ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတပ်ဖွဲ့ဝင်များမှ အင်အား စုစုပေါင်း ၄၀ ကျော်ရှိသည်။

    ဓာတ်ပုံ – တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိသည့် လက်နက်များ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks